လူကနိုးနေပြီဆိုပေမယ့် တံခါးဖွင့်သံလေးကြားလိုက်ရကာ ခြေသံတိုးတိုးလေးကြောင့် ကျနော်လည်း မျက်လုံးတွေကို မှိတ်ထားကာ အိပ်ချင်ယောင်ဆောင်နေလိုက်လေသည်။
"ဘာလို့ ခိုးကြောင်ခိုးဝှက်နဲ့ ဝင်လာတာလဲ"
"အို"
အနားရောက်လာသည့်ကိုယ်သေးသေးလေးကို ပွေ့ဖက်ပစ်လိုက်ကာ ရင်ခွင်အောက်ပို့လိုက်ပြီး အပေါ်ကအုပ်မိုးထားလိုက်ပြီးမှ ကြည့်လိုက်မိတော့
"ဟင်"
ကျနော့်ရင်ခွင်အောက်ရောက်နေတာက ကလေးမ
ဟုတ်ဘဲ ရှောင်မီဖြစ်နေခဲ့လေသည်။ သူမက မျက်
လုံးလေးတွေပေကလပ် ပေကလပ်ဖြင့် ကျနော့်ရင်
ခွင်အောက်ကနေမော့ကြည့်နေတာမို့ အမြန်လွှတ်ေ
ပးလိုက်ပြီး ကျနော်လည်း ထ ထိုင်လိုက်မိလေသည်။"ဆောရီး ရှောင်မီ "
သူမက ထလာပြီး ဖရိုဖရဲ ဖြစ်သွားသည့်အဝတ်အစားလေးတွေကို သေချာစွာ ပြန်ပြင်နေလိုက်ရင်း ကျနော့်အနားကိုတိုးကပ်လာကာ
"တောင်းပန်စရာမလိုပါဘူး ငါတို့ကလက်ထပ်တော့မှာပဲဟာ ငါ့ကိုထိတွေ့လို့ရပါတယ်"
သူမလက်တွေက ကျနော့်ကိုယ်ကို ကိုင်တွယ်လာ
ကာ ပွတ်သပ်လာပြီး သူမရဲ့ ရင်ဘတ်နဲ့လည်း ကိုယ်ကိုလာထိကပ်နေလေတော့ ဆတ်ခနဲထရပ်လိုက်
မိသည်။"နင် ဘယ်တုန်းကရောက်နေတာလဲ?"
"အခုပဲလေ နင်မနိုးသေးဘူးဆိုတာနဲ့ လာနှိုးတာ ပြီး
တော့ နင်သောက်ဖို့ နွားနို့လည်း ယူလာတယ်""ရှောင်းကျန့်က ဘယ်သွားလဲ သူလုပ်ရမယ့်အလုပ်
ကို ဘာလို့နင်ကလုပ်နေရတာလဲ?""သူကလာပို့မယ်လို့ပြောပါတယ် ဒါပေမယ့် ငါကနင့်
ကိုနှိုးချင်လို့ ငါပို့မယ်ဆိုပြီး ယူလာခဲ့လိုက်တာ""ငါ ရေချိုးလိုက်ဦးမယ် "
ရေချိုးခန်းထဲအမြန်ဝင်လိုက်မိကာ အထဲရောက်မှ
သက်ပြင်းကို ချလိုက်မိလေတော့သည်။ ဟူးစ် သူမ
ကဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။ ကျနော်က
မနက်ခင်းတိုင်းလာနှိုးနေကြ ကလေးထင်လို့ ဆွဲဖက်လိုက်မိတာပါ။ ဒါပေမယ့် ကလေးမဟုတ်ဘဲ သူမ
ဖြစ်နေခဲ့တာ။ သူမကကျနော့်ကို ဘယ်လိုထင်သွား
ပြီလဲမသိဘူး။ ဟူးစ် ကလေးကလည်း ဘာလို့် ကျနော့်ကို နှိုးဖို့မလာရတာလဲ။ သူမက မလာတော့နဲ့ဆို
တာနဲ့ သူကမလာတော့ဘူးလား။ အရင်ကမိုးလင်းရင် တွေ့နေကျမျက်နှာလေးကိုအခုမတွေ့ရတော့ ရင်
ထဲမှာအလိုမကျခြင်းများစွာက ကြီးစိုးနေခဲ့လေသည်။