မင်းရဲ့ကိုယ်ပွားလေး ၃၆

5.9K 419 12
                                    

ကျနော့် ကို ခေါင်းရေသုတ်ပေးနေသည့် သူလေးမျက်နှာက အခုချိန်ထိ ရယ်ချင်နေသေးတာကိုအောင့်ထားသည့်ပုံလေးနှင့်မို့ ကျနော့်မှာ အနေကြပ်နေရေ
လသည်။ ကျနော်ကလည်းလေ ဘာလို့အဲ့လိုကြီး
ထအော်မိရတာလဲမသိဘူး။ မိုးခြိမ်းတာဆိုငယ်ငယ်
ကထဲက ကြောက်တတ်သည့်အကျင့်ကဘယ်လိုမှ
ဖျောက်လို့မရတော့ပေ။ ဟူးစ်။

"ကိုကို ညစာစားဦးမှာမလား ကျနော်သွားပြင်လိုက်
မယ်နော်"

"ရတယ် ကိုယ်မစားချင်တော့ဘူး "

"ဘာလို့လဲ ကိုကိုမစားရသေးဘူးလေ "

"မစားချင်တော့ဘူးကွာ ခေါင်းလည်းမူးနေလို့"

"ကိုကို ခေါင်းမူးနေလို့ လား?"

ကပျာကယာလေးအနားကိုပြန်လျှောက်လာကာ နဖူးလေးပေါ်လက်ကလေးလာရောက်အုပ်မိုးကိုင်လိုက်သည့်သူက

"ကိုကို ဖျားနေပြိပဲ ကိုယ်တွေပူနေပြီ နေဦး ကျနော်
ကော်ဖီပူပူလေးသွားဖျော်လိုက်မယ် ကော်ဖီနဲ့ဆေး
နဲ့သောက်လိုက်လေနော်"

"ကိုယ်ဆေးမသောက်ချင်ပါဘူးကွာ"

"မသောက်လို့ရမလား ကိုကိုရဲ့ ခဏလေးနော် ကျနော်အခုသွားဖျော်လာခဲ့ပေးမယ် ကိုကိုကော်ဖီ
သောက်ချင်လား ဆန်ပြုတ်လေးသောက်ချင်လား"

"ဘာမှမသောက်ချင်ဘူး မင်းသာအနားလာကွာ မင်းကိုယ်လေးကိုဖက်ပြီး နွေးနွေးလေးပဲအိပ်ချင်တယ်"

"မရဘူး ဒါကဖက်အိပ်ရုံနဲ့နေကပြန်ကောင်းလာမှာ
မဟုတ်ဘူး ညအဖျားတက်နေမှ ဒုက္ခရောက်မယ် အခုပဲဆေးသောက်ထားရအောင်နော်ကိုကို"

"ကိုယ်မသောက်ချင်ဘူးဆိုကွာ"

ကျနော်မဲ့ရွဲ့ကာပြောလိုက်ပေမယ့် သူလေးကတော့
နားမထောင်ပဲ ဆွဲထားသည့်ကျနော့်လက်ကိုအသာ
ဖြုတ်လိုက်ရင်း ရေစိုလေးတွေကိုပါ တစ်ခါထဲယူ
သွားလိုက်ပြီး

"မသောက်ချင်လည်းသောက် ဆန်ပြုတ်မဟုတ်တောင် ကော်ဖီလေးတော့သောက်လိုက် ကျနော်သွားဖျော်ခဲ့မယ် ခဏလေးပဲစောင့် ခဏလေးပဲ"

"ရှောင်းကျန့် ကိုယ်မသောက်ချင်ဘူးဆိုကွာ ရှောင်းကျန့်"

စိုးရိမ်စွာ ကျနော့်အနားကနေချက်ချင်းပြေးထွက်သွားသည့်သူလေးကကျနော်တားချိန်ပင်မရလိုက်ပေ။ တကယ်အစိုးရိမ်လွန်တတ်သည့် ကောင်လေး။ အမြဲကျနော့်ကိုလည်းအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်လွန်းသည့်ကောင်လေး။ အလိုက်သိလွန်းသည့်ကောင်လေး။ ဒါပေမယ့် ကျနော့်ကိုချစ်ရောချစ်ရဲ့လား ကြောက်နေတာလားဆိုတာကိုတော့ မဝေ
ခွဲတတ်တာမို့ တစ်ခါတစ်လေတော့ ကျနော်စိတ်ပူမိ
ပါသည်။

မင်းရဲ့ ကိုယ်ပွား Where stories live. Discover now