Part 7🐥🐰

7.8K 882 17
                                    

ယူရီတစ်ယောက်ဂျောင်ကုတို့ကိုလူအုပ်နဲ့မနီးမဝေးနေရာမှာသူ့အစေခံကောင်မလေးနှင့်အတူရပ်စောင့်နေသည်။
ခနကျတော့ထွက်လာပါပြီ။
အကိုဂျောင်ကုကတစ်ယောက်ယောက်ကိုချီပြီးလူအုပ်ထဲ
ကတိုးထွက်လာခဲ့သည်။ထိုသူကတော့တခြားသူမဟုတ်
ပတ်ဂျီမင်းဆိုတဲ့သူပင်။
နန်းတွင်းပြန်ရောက်တော့လည်းပတ်ဂျီမင်းနန်းဆောင်ကိုတန်းသွားလိုက်တယ်စကားတစ်ခွန်းတောင်ပြောမသွားဘူး
ဥပက္ခာအပြုခံရသလိုခံစားရတယ်ရှိနေတယ်လို့တောင်
ထင်ပုံမပေါ်
နောက်ကနေလိုက်ကြည့်တော့ကြင်ယာတော်နန်းဆောင်
ရှေ့မှာအထိန်းတော်ဂျောင်ကိုဆူနေတယ်ပြီးတော့
ပတ်ဂျီမင်းကိုဆူမယ်ထင်ထားပေမယ့်ထင်ထားတာ
နဲ့တခြားပြုံးပြောပြီးပြောနေတာခေါင်းလေးတောင်ကိုင်ပြီး
ပြောနေသေးတယ်အမှားလုပ်ရင်စည်းကမ်းတင်းကျပ်ပြီးအပြစ်ပေးတတ်တယ်ဆိုတဲ့အကိုဂျောင်ကုကအခုအပြစ်
ပေးဖို့နေနေသာသာဆူတောင်မဆူဘူး
ဆူဖို့မပြောနဲ့စကားပြောတာတောင်ပြုံးပျော်နေတာဘဲ
မဟုတ်မှလွှဲရောအကိုဂျောင်ကုပတ်ဂျီမင်းကိုချစ်နေပြီလား
မဖြစ်ရဘူးငါဆီကနေအကိုဂျောင်ကုကိုလုလို့မရဘူး

"သခင်မလေးသွားရအောင်လူတွေမြင်သွားရင်မကောင်းဘူး"

"ပတ်ဂျီမင်းငါနင်ကိုလုံးဝခွင့်မလွှတ်ဘူး"

~~~
ဂျောင်ကုလည်းဂျီမင်းကိုနှုတ်ဆက်ပြီးတာနဲ့မိမိနန်းဆောင်ဆီသို့
နန်းဆောင်ရှေ့ရောက်တော့

"မင်းသားမွန်းယောင်းကကျနော်နန်းဆောင်ကိုဘာကိစ္စများရှိလို့"

"ကိုယ်ညီတော်အဆောင်ကိုကိစ္စရှိမှလာရမှာလား"

"ဒါပေါ့ ကျနော်နန်းဆောင်ကိုကိစ္စရှိမှာလာရမှာပေါ့အကြောင်းမရှိဘဲလာရအောင်ကျနော်တို့ကအဲလောက်
ရင်းနှီးလို့လား"

"ဒါပေါ့ ဟုတ်တာပေါ့ အခုကအသိပေးစရာရှိလို့လာတာ"

"ကျနော်ကိုအသိပေးစရာရှိလို့………"

"ဟုတ်တယ်အသိပေးတယ်ဆိုတာထက်သတိပေးမလို့"

"ဘာကိုလဲ"

"မင်းရဲ့ကြင်ယာတော်အလှလေးကိုသေချာစောင့်ရှောက်ဖို့"

"ဒါကျနော်ကိစ္စပါကျနော်ကြင်ယာတော်ကျနော်စောင့်
ရှောက်မှာပါအကိုတော်နဲ့ဘာမှမပတ်သတ်တာမို့စိတ်
မပူပါနဲ့"

မင်းသားလေးရဲ့ကြင်ယာတော်(completed)Where stories live. Discover now