Part 12🐥🐰

6.7K 871 6
                                    

အကိုဂျောင်ကုနန်းဆောင်သို့အလာနန်းဆောင်ရှေ့ကထိုင်
ခုံလေးတွင်ထိုင်နေကြတဲ့အကိုဂျောင်ကုနှင့်ဂျီမင်း။ရုတ်တရက်အကိုဂျောင်ကုလုပ်လိုက်တဲ့အပြုအမူတစ်ခုကြောင့်သူတို့ဆီကိုလျှောက်လှမ်းနေတဲ့ခြေလှမ်းတွေရပ်တန့်သွားသည်အကိုဂျောင်ကုကပတ်ဂျီမင်းကိုဖက်ပြီးနမ်းလိုက်ခြင်းပင်
ကိုယ်ချစ်ရတဲ့သူကတစ်ခြားတစ်ယောက်နဲ့နမ်းနေတာကို
ဘယ်လိုအင်းအားမျိုးနဲ့မှဆက်မကြည့်နိုင်တော့တာကြောင့်
ထိုနေရာမှလှည့်ထွက်လာခဲ့သည်
မကြိုက်ဘူးအကိုဂျောင်ကုကညီမတွက်ဘဲဖြစ်ရမယ်တခြားဘယ်သူတွက်မှာမဖြစ်ရဘူး…ပတ်ဂျီမင်းနင်ကငါအတွက်
တော့တကယ်အရှုပ်ဘဲနင်သာမပေါ်လာခဲ့ရင်အကိုဂျောင်ကုကိုငါပိုင်ဆိုင်ရတော့မှာနင်ငါဆီကလုယူခဲ့တာငါနင်ကိုလုံးဝခွင့်မလွှတ်ဘူးနင်ကြောင့်ငါစိတ်ဆင်းရဲရသလိုနင်လည်းငါလိုစိတ်ဆင်းရဲစေရမယ်…နင်ကိုဒီထပ်ပိုပြီးလွှတ်ထားလို့မရတော့ဘူး သတိသာထားနေတော့ပတ်ဂျီမင်း

~~~~~
ချိုတယ်အရာအားလုံးထက် လောကမှာအချိုဆုံးဆိုတဲ့အရာ
တွေတောင်ပေါက်စနှုတ်ခမ်းလေးတွေလောက်ချိုမှာမဟုတ်ဘူး။အစကတော့ယူရီလာတာမြင်လို့ပေါက်စကိုတမင်နမ်း
လိုက်ခြင်းပင်။ယူရီတစ်ယောက်မြင်ပြီးပြန်သွားပေမယ့်
ကျနော်ဒီနှုတ်ခမ်းလေးတွေကိုမလွှတ်ပေးချင်ခဲ့ပေ။ဒီချိုမြိန်လှတဲ့အနမ်းလေးရပ်တန့်ပြီး ပြီးဆုံးသွားမှာနှမြောနေမိသည်အကြာချိန်ထိဒီနှုတ်ခမ်းဖူးဖူးလေးကိုသုံးဆောင်ပြီးမှာလေလိုအပ်မူကြောင့်ရင်ဘတ်ကိုလာထုသောလက်လေးကြောင့်နှမြောပြီးလွှတ်ပေးလိုက်ရသည်
သို့သော်~~~

"ဘာ ဘာဖြစ်လို့လဲ"
မျက်ရည်တွေကျနေတဲ့ပေါက်စလေး
"ဘာလိုငိုတာလဲ…ဘာဖြစ်လို့လဲကိုယ်ကိုပြောလေ"
"…………"
မေးတာကိုမဖြေဘဲမျက်ရည်တွေဘဲကျနေတာနဲ့သူပုခုံးလေးကိုကိုင်လိုက်တော့လက်ကိုပုတ်ထုတ်ပြီး
"ကျနော်ကိုမထိနဲ့…ကျ…ကျနော်သွား သွားလိုက်ပါအုံးမယ်"
ပြောပြီးတာနဲ့ပြေးထွက်သွားတာလှမ်းဆွဲချိန်တောင်မရလိုက်ဘာလို့ငိုသွားမှန်းလည်းမသိ ဘာဖြစ်လို့လဲငါကိုစိတ်ဆိုးသွားလို့များလား ငါသူကိုနမ်းလိုက်လို့စိတ်ဆိုးသွားတာလား ငါမှားသွားပြီလားသူကိုတန်ဖိုးမထားသလိုဖြစ်သွားပြီ
ကိုယ်အတွေးတိမ်သွားလို့တောင်းပန်ပါတယ်ကလေးရယ်

မင်းသားလေးရဲ့ကြင်ယာတော်(completed)Where stories live. Discover now