Part 30🐥🐰

5.1K 608 21
                                    

အမှောင်တွေကိုဖြိုခွင်းပြီးအလင်းတွေထိန်
လင်းဖို့နေမင်းကြီးကတော့တောင်စွယ်တစ်
နေရာကနေထိုးထွက်လာခဲ့ပြီ……နန်းဆောင်
လေးထဲမှာတော့မိုးလင်းပြီးဆိုတာနဲ့နိုးလာတဲ့
မင်းသားလေး…ရင်ခွင်ထဲကကြင်ယာတော်
ပေါက်လေးကတော့အိပ်မက်ကမ္ဘာထဲမှာပင်
ကောင်းစွာလည်ပတ်နေတုန်း………
ရင်ခွင်ထဲမှာအိပ်မောကျနေတဲ့ကလေးရဲ့နဖူး
ပေါ်အနမ်းတစ်ပွင့်ပေးကာထဖို့ပြင်ဆင်ရတော့
သည်…ကလေးငယ်လေးလိုခေါင်းအုံးပေါ်သေချာကျပေးပြီးစောင်လေးလွှာပေးပြီးတဲ့ထိနိုးမလာတဲ့ကလေး……

ဒီနေ့ဆိုပြီးပြီ…အရာအားလုံးကိုနှိမ်နှင်းနိုင်မယ့်ဒီနေ့နောက်ဆုံးတော့ရောက်လာခဲ့ပြီ…

"ကုကီး…………"
ဂျောင်ကုဝတ်ရုံဝတ်နေချိန်မှာမှနိုးလာတဲ့ကြင်ယာတော်အိပ်ပုတ်လေး…ဘေးနားသွားလိုက်ပြီးအိပ်ချင်မူးတူးဖြစ်နေတဲ့ကလေးကိုဆွဲထူကာထိုင်
စေလိုက်ပြီးလက်ဖောင်းဖောင်းလေးနှစ်ဖက်ကိုကိုင်ကာ
"ကလေး…ဒီနေ့နန်းတွင်းမှာအရမ်းရူပ်နေလိုက်မယ်ဒါကြောင့်ဘယ်မှာမသွားနဲ့နော်…"
"ကုကီးတစ်ခုခုဖြစ်နေတယ်မလားဟင်…မင်ကိုပြောပြပါလား"
"ဟင်……ဒါကလေ…"

ဂျောင်ကုလည်းဖုံးကွယ်ထားလို့မရတာ
ကြောင့်အကုန်လုံးကိုပြောပြလိုက်သည်…မျက်လုံးလေးဝိုင်းပြီးပြောတာတွေကိုသေချာနား
ထောင်နေတဲ့ကလေးကတကယ်အသဲယား
ဖွယ်……ပြီးမှာထိုမျက်လုံးဝိုင်းလေးတွေက
နေမျက်ရည်တွေစီးကျလာခဲ့သည်…ထိုကလေးဘာကြောင့်မျက်ရည်ကျတာလဲဆိုတာသေချာသိတာပေါ့…ဒီကိစ္စမှာသူအဖေဝန်ကြီးပတ်ကိုယ်တိုင်ပါဝင်နေတာမလား…ဘယ်လောက်ဘဲပစ်ထားပစ်ထားသွေးသားတော်စပ်နေတဲ့အဖေဘဲမလား…

"ကလေးရယ်တိတ်ပါနော်………"
ပြောပြီးတာနဲ့ရင်ခွင်ထဲတိုးဝင်လာကာပိုတိုး
ဖက်ပြီးငိုလာတဲ့ကလေး…ငိုနေတဲ့သူ့ကျောပြင်
လေးကိုလက်နဲ့ဖွဖွပုတ်ပေးပြီးနှစ်သိမ့်ပေးနေမိသည်…ငိုလို့ကျေနပ်လောက်မှာရင်ခွင်ထဲက
ထွက်လာပြီး

"ကုကီ…ဒါဆိုကျနော်နဲ့ကုကီးခွဲရမှာလား
ဟင်………"
"ဟင်………"

ကလေးမေးတဲ့အဖြေကိုကျနော်ချက်ချင်းအဖြေပြန်မပေးမိ…ဘာလို့ဆိုကျနော်ကိုယ်တိုင်လည်းဒီအရာကိုကြောက်ရွံနေခဲ့မိတာအမှန်……ဒီချိန်မှာတော့ခမည်းတော်တစ်ချိန်ကပေးခဲ့တဲ့သားကြင်ယာတော်ကိုကာကွယ်ပေးပါ့မယ်ဆိုတဲ့စကားလေးတစ်ခွန်းကိုသာယုံကြည်ကြရအောင်ကလေးရယ်……

မင်းသားလေးရဲ့ကြင်ယာတော်(completed)Where stories live. Discover now