Part 15🐥🐰

6.5K 765 13
                                    

နေမင်းကြီးရဲ့အလင်းရောင်ကတော့တစ်စတစ်စတိမ်မြုပ်သွားပြီဖြစ်သည်။ကောင်းကင်ကနေပျောက်ကွယ်သွားသော
နေမင်းကြီးအစားလမင်းကြီးကတော့ကောင်းကင်ယံ
မှာလှပစွာသာနေသည်။
ဝိုင်းစက်နေတဲ့လမင်းကြီးရယ်မှိတ်တုတ်မှိတ်တုတ်နဲ့ဟိုတစ်စဒီတစ်စထွန်းလင်းနေတဲ့ကြယ်လေးတွေရယ်နဲ့ညကောင်း
ကင်ယံကြီးကတော့တကယ်ကိုလှပနေခဲ့သည်

"ဂျီမင်းလေးအေးမယ်လေအဆောင်ထဲဝင်ရအောင်ဒီမှာ
ထိုင်နေတာလဲတော်တော်ကိုကြာနေပြီ"
နန်းဆောင်ရှေ့ခုံလေးမှာထိုင်ပြီးကောင်းကင်ကြီးရဲ့အလှကိုကြည့်နေခဲ့တာအကိုဟိုဆော့ခေါ်မှာသတိရတော့တယ်
"ဟုတ်ကဲ့ပါ ကျနော်ခနလေးထိုင်ချင်သေးလို့"
"ဘာတွေခံစားနေရတာလဲ ဂျီမင်းလေးစိတ်ညစ်စရာတစ်ခုခုများရှိလို့လား"
"အကိုဟိုဆော့………"
"အင်းပြောလေအကို ကိုပြောပြဘာဖြစ်နေတာလဲဆိုတာကို"
"ကျနော်လေ မင်းသားကိုချစ်နေမိပြီထင်တယ်"
"ဒါများဘာစိတ်ညစ်စရာရှိလဲဂျီမင်းလေးရယ် ပျော်ရမယ့်ကိစ္စလေမင်းသားဂျောင်ကုကလည်းဂျီမင်းလေးကိုချစ်နေပုံပါ"
"မဖြစ်ဘူး ကျနော်သူကိုချစ်လို့မဖြစ်ဘူးသူလည်းကျနော်ကိုချစ်လို့မရဘူး"
"အဲဒါဘာကိုပြောတာလဲဂျီမင်း ဘာဖြစ်လို့လဲ"
"ကျနော်သူကိုချစ်လို့မရဘူး သူလည်းကျနော်ကိုမချစ်ရဘူးအဲဒါကပြောင်းလဲလို့မရတဲ့အမှန်တရားဘဲ"

ဂျီမင်းတို့မသိခဲ့တာကနန်းဆောင်ထောင့်မှာသူတို့ကြည့်နေတဲ့ဂျောင်ကုတစ်ယောက်သူတို့ပြောနေတာတွေကြားသွား
တယ်ဆိုတာဘဲ

ပြောပြီးတာနဲ့နန်းဆောင်ထဲဝင်သွားတဲ့ဂျီမင်းဘာတွေများ
ဖြစ်နေလို့ဒီလိုမျိုးပြောတာပါလိမ့်
အဲဒီအကြောင်းရင်းကိုတော့ဂျီမင်းလေးကလွှဲပြီးတခြားဘယ်သူသိနိုင်မှာလဲ

~~~~~~~
အဆောင်ထဲမှာစာဖတ်နေရင်သူကိုသတိရလို့သူလေး
ရှိရာနန်းဆောင်သို့ချီတက်လာခဲ့တယ်။အရမ်းကိုမွန်းကြပ်
လွန်းတယ်တစ်ချိန်လုံးသူကိုသတိရနေတွေ့ချင်နေတယ်
စိတ်တွေကြောင့်………
မြင်ချင်နေတဲ့သူလေးရှိရာကိုရောက်တော့မြင်လိုက်ရပါပြီ
နန်းဆောင်ရှေ့ကထိုင်ခုံလေးမှာထိုင်ပြီးကောင်းကင်ကို
မော့ကြည့်နေတဲ့ချစ်ရသူလေး။လမင်းကြီးရဲ့အလင်းရောင်
အောက်မှာရှိနေတဲ့သူလေးရဲ့အလှကတစ်ကယ်ကိုမှင်သက်
ဖွယ်ကောင်းလှသည်။
ဘာကြောင့်များသူကိုဒီလောက်ချစ်မိသွားတာလဲဆိုတာကို
မိမိကိုယ်တိုင်လည်းနားမလည်ဒါပေမယ့်ရှေ့ဆက်လျှောက်
လှမ်းရမယ့်ဘဝခရီးလမ်းမှာတော့ပတ်ဂျီမင်းဆိုတဲ့ကျနော်
ကြင်ယာတော်လေးနဲ့အတူလျှောက်လှမ်းသွားချင်ပါတယ်
နန်းဆောင်ရှေ့မှာစကားပြောနေတဲ့သူလေးကိုကြည့်ပြီးပျော်မိသည်ကျနော်ကိုအဆမတန်ပျော်သွားစေတဲ့သူပြောလိုက်တဲ့စကားလေးကတော့"ကျနော်မင်းသားကိုချစ်နေမိပြီထင်
တယ်"ထိုစကားလေးကြားပြီးပျော်မယ်ရှိသေးနောက်
ထပ်ပြောလိုက်တဲ့စကားကြောင့်ကျနော်ရင်အစိမ်းလိုက်ကွဲသွားသလိုပါဘဲ "ကျနော်လည်းသူကိုချစ်လို့မရဘူးသူ
လည်းကျနော်ကိုမချစ်ရဘူး"ဘာလို့များလဲဘာအကြောင်း
တွေကြောင့်များဒီလိုပြောတာလဲ…တစ်ယောက်ကို
တစ်ယောက်ချစ်နေရက်သားနဲ့မချစ်ရဘူးဟုတ်လား…
လူတစ်ယောက်ရဲ့ခံစားချက်ကိုဒီလိုတားမြစ်ထားလို့မရဘူးဆိုတာမင်းတစ်ချိန်နားလည်လာမှာပါ။အဲလိုနားလည်လာ
အောင်လည်းအချိန်ဘယ်လောက်ကြာကြာကိုယ်ကြိုးစားသွားမှာပါ……

မင်းသားလေးရဲ့ကြင်ယာတော်(completed)Where stories live. Discover now