Part 1🌵

24.9K 1.2K 32
                                    

#Unicode

* Incheon Internationl Airport *

လေယာဉ်ပေါ်က ဆင်းလိုက်သည်နှင့် ကိုယ့်နိုင်ငံရဲ့ လတ်ဆက်တဲ့လေထုကို တစ်ဝကြီးရှူရှိုက်ပစ်လိုက်သည်။

ခရီးဆောင်အိတ်ကလေးဆွဲကာ လေဆိပ်ထဲကထွက်လာလိုက်သည်။

ဘေးဘီဝဲယာတွင် ပြန်လာသူအား ဝမ်းပန်းတသာ ကြိုလင့်သူများရှိသလို ထွက်သွားမဲ့သူအား ဝမ်းနည်းမျက်ဝန်းများဖြင့် နှုတ်ဆက်နေသူများလဲရှိသည်။

ခရီးသည်များသည် လာရောက်ကြိုဆိုသော မိသားစု အသီးသီးဖြင့် လေဆိပ်မှထွက်ခွာ သွားကြပုံကို ငေးကြည့်ရင်း တစ်ယောက်သောသူကို မျှော်လင့်မိပါသော်လည်း....

အော် ဒီအချိန်ဆို ကိုကိုတစ်ယောက် သူ့မိသားစုလေးနဲ့ ပျော်ရွှင်နေလောက်ပြီထင်ပါရဲ့။

အတွေးတို့ကို ရုတ်သိမ်းကာ Taxi တစ်စီးကိုတား၍ အိမ်လေးရှိရာပြန်လာခဲ့သည်။အိမ် ဟုတ်တာပေါ့ တစ်ချိန်တုန်းက နွေးထွေးကြင်နာမှုတွေအပြည့်ရှိခဲ့တဲ့ သူနဲ့ကိုကို့ရဲ့အိမ်လေး ရှိရာဆီကို.......

လမ်းတစ်လျောက်လုံး ကားပြတင်းပေါက်မှ တိုးဝေ့လာတဲ့ လေထုကို မျက်လုံးလေးမှိတ်ကာ ခံစားရင်း လိုက်ပါလာခဲ့သည်။အပြောင်းအလဲတွေဖြစ်နေမယ်ဆိုတာ အသေအချာသိနေပြီမို့ ပတ်ဝန်းကျင်ကို မစူးစမ်းမိတော့။

၆နှစ်တာ ကာလစွန့်ခွာခဲ့သော ဒီနိုင်ငံမှာ သူလိုလားတာတွေ တည်မြဲနေလိမ့်မယ်လို့ မမျှော်လင့်မိတော့ပေ။ အရင်လို သူကလေးမဆန်တော့တာလဲ ပါမည်။

အတွေးတွေထဲ ရစ်ဝဲနေခဲ့တာ သူ့အိမ်လေးဆီရောက်တဲ့အထိ။ခရီးဆောင်အိတ်ကလေးဆွဲယူကာ ခြံတခါးလေးကို ဖွင့်ကာဝင်လာလိုက်တော့ သူစိုက်ပျိုးခဲ့သော ပန်းပင်လေးတွေက ခြုံနွယ်တွေ ရစ်ပတ်နေလေသည်။

ခြံဝန်းထဲက လျှောက်လမ်းလေးအတိုင်း အိမ်တံခါးဝဆီသို့ လျောက်လာလိုက်သည်။ သော့ခတ်ထားတဲ့ အိမ်တံခါးလေးကို ဖြေးညှင်းစွာ ဖွင့်လိုက်မိသည်။

ပရိဘောဂများကလည်း သူထားခဲ့သည့်ပုံစံအတိုင်း ပိတ်ဖြူဖြူတို့ အုပ်လျက်သား။သူထွက်သွားပြီးမှ ကိုကိုရောက်မလာခဲ့ဘူး ထင်ပါရဲ့။

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now