Part 8🌵

7.6K 866 152
                                    

#Unicode

ခြံဝန်းအကျယ်ကြီးရှေ့ကို ကားလေးဆိုက်ရောက်သည်နှင့် ခြံတခါးက Auto ပွင့်လာလေသည်။

Hyung ကကားကိုဖြေးညင်းစွာ မောင်းဝင်ရင်း တစ်နေရာတွင်ရပ်လေသည်။

" ဆင်းရအောင် Tae "

သူ့ဘက်က ကားတံခါးကိုဖွင့်ကာ လက်ကမ်းပေးလာသော Bogum Hyung ကြောင့် အနည်းငယ် အနေခက်ရပြန်သည်။

" Hyung တို့ရောက်လာကြပြီလား "

Bogum Hyung ရဲ့အနောက်မှထွက်ပေါ်လာသည့် ဒီအသံ

Taehyung ရဲ့တစ်ဦးတည်းသော မြတ်နိုးရာအသံ

ထိတ်လန့်မှုတို့ကြီးစိုးသွားရသည်။မဟုတ်ပါစေနဲ့ အဖန်တလဲလဲဆုတောင်းသော်လည်း  မြင်လိုက်ရသည်က ကိုကို့ရဲ့မျက်နှာချောချောပင်။

သူ့သမီးငယ်ကို ချီထားကာ Taehyung ကိုရုတ်တရက်မြင်လိုက်ရတာကြောင့် ကိုကို့မှာ အလွန်ပင် shock ရသွားပုံပေါက်သည်။

ထို့နောက် တွဲထားသည့်လက်တစ်စုံစီ အကြည့်တို့ကတဝဲလည်လည်နှင့် ညှိုးငယ်သွားသော မျက်နှာလေး

ကလေး  နေပါဦး Taehyung ဒီကလေးကိုမြင်ဖူးသည်။

အမှန်ပင် ဟိုတလောက ဆိုင်ကိုလာသွားသည့်ကလေး

ဒါဆိုဟိုအမက ကိုကို့ရဲ့ဇနီးပေါ့။ကမ္ဘာကြီးက ဘာလို့များကျဉ်းရသနည်း။

Taehyung ကိုအသေအချာနာကျင်စေဖို့ ဆန္ဒရှိပုံရလေသည်။

"  မောင် ဧည့်သည်တွေရောက်လာတာလား "

ကိုကို့ရဲ့လက်မောင်းတွေဆီ လာရောက်ချိတ်တွယ်လာသည့် လက်တစ်စုံ

Taehyung ရင်တွေ အဆမတန်တုန်လာရသလို ခြေဖျားလက်ဖျားတွေလဲအေးစက်လာရသည်။

" Tae လက်တွေအေးလာပြီ နေမကောင်းလို့လား "

Bogum Hyungရဲ့အသံကြားမှ Taehyung စိတ်တွေကို စုစည်းနိုင်ခဲ့သည်။

ကိုကိုက သူစွန့်လွှတ်ခဲ့ရသူပဲလေ။မိသားစုရှိနေတာ မဆန်းသလို ခုလိုမြင်တွေ့ရသည်မှာလဲအဆန်းမဟုတ်ပါ။

သို့သော် Taehyung အလွန်နာကျင်ရပါသည်။
.
.
.
.
" Daddy Yon ကိုအသားလှီးပေးပါဦး "

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now