Part 6🌵

7.6K 874 93
                                    

#Unicode

မနက်ခင်းမိုးလင်းခါစတွင် Choi Yunna တစ်ယောက် နိုးထလာခဲ့သည်။

ရင်ခွင်ထဲက အိပ်ပျော်နေသော သမီးငယ်မနိုးရလေအောင် အသာလေးထလာလိုက်သည်။

မောင်ဒီနေ့ ရုံးပြန်တက်မှာမို့ မနက်စာပြင်ပေးရမည်။

မနက်စာပြင်ပေးရမည်ဆိုသော်ငြား မောင်သည် လက်တွဲဖြစ်သည့် ၆နှစ်ကာလအတွင်း သူမပြင်ဆင်ပေးသော မနက်စာကို တစ်ခါမျှ မစားဖူးပေ။

Kitchen ထဲသို့လာကာ ပေါင်မုန့်မီးကင်ကို  strawberry jam လေးနဲ့အတူ နွားနို့လေးက သမီးငယ်အတွက်

ကြက်ဥလိပ်ကလေးနဲ့ကင်မ်ချီထမင်းကြော် ပူပူလေးက မောင်နဲ့သူမအတွက် ပြင်ဆင်လိုက်သည်။

အားလုံးပြင်ဆင်ပြီးလို့ နာရီကိုကြည့်မိတော့ 8နာရီ

မောင်ဆင်းမလာသေးတာကြောင့် အပေါ်ထပ်သို့ပြန်တက်လာကာ မောင့်အခန်းရှေ့တွင် တွေဝေစွာရပ်နေမိသည်။

ထူးဆန်းနေတာမှန်ပေမဲ့ ၆နှစ်တာကာလလုံး မောင်နဲ့ကျွန်မ တစ်ခန်းထဲတွင် အတူရှိမနေခဲ့ဖူးပါ။
လက်ထက်သည့်နေမှာပင် အခန်းခွဲနေဖို့တောင်းဆိုတဲ့ မောင့်ကို သူမကြည်ဖြူလိုက်လျောမိသည်။

ထိုအချိန်ကမောင့်အပေါ် အားနာမှုသာကြီးစိုးနေခဲ့လို့လဲ ဖြစ်ပါလိမ့်မည်။

အခန်းတံခါးရှေ့တွင် တံခါးခေါက်ရနိုး ဖွင့်ကာဝင်သွားရနိုးနဲ့ သူမဗျာများနေမိသည်။

လူ့ကျင့်ဝတ်အရတော့ တံခါးခေါက်ရမည်ဟု သူမတွေးမိရင်း

* ဒေါက် ဒေါက် ဒေါက် *

" မောင် နိုးပြီးလား  Yunna ဝင်လာမယ်နော် "

အခန်းထဲရောက်တော့ Suit အပြည့်နဲ့ အဆင်သင့်ပြင်ဆင်ပြီးနေသည့် ကျွန်မချစ်ရတဲ့ လူသား။

ခန့်ညားထည်ဝါမှုတွေက အတိုင်းထက်အလွန်မို့ အချိန်အတော်ကြာအောင် ငေးကြည့်နေမိသည်။

"  ကိုယ်ပြီးရင် ဆင်းခဲ့မယ် Yunna shii "

မောင့်အသံကြားကာမှ သတိပြန်ဝင်လာမိတော့ ကိုယ့်ကိုဟ်ကို ရှက်စိတ်ဝင်မိသည်။

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now