Part 16🌵

8.1K 857 75
                                    

#Unicode

" ဒီ Drip ကုန်ရင်ဆေးရုံက ဆင်းလို့ရပါပြီရှင် "

အလှည့်ကျလာကြည့်သော nurse ကပြောသွားလေသည်။

ငယ်ကတော့ ပင်ပန်းလို့ထင် ကျွန်တော်ရောက်လာပြီး ခဏကြာတော့ အိပ်ပျော်သွားသည်။

ဘယ်လောက်တောင် ပင်ပန်းနေခဲ့မလဲ ကလေးငယ်...

ဖြူဖျော့စွာအိပ်စက်နေသော ကောင်ငယ်လေးက သူ့ရဲ့လက်တစ်ဖက်ကိုလဲ တင်းကျပ်စွာဆုတ်ကိုင်ထားပြန်သည်။

စိတ်ချပါ ငယ် ဒီတစ်ခါ မင်းလက်လွှတ်ပေးရင်တောင် ကိုယ် အဝေးမပြေးတော့ပါဘူး။

ခဏကြာတော့ အခန်းထဲပြန်ဝင်လာတဲ့ Bogum Hyung ငယ့်ကိုပဲ ဂရုစိုက်နေမိတာ Bogum Hyung ကိုစကားကောင်းကောင်းမပြောရသေး။

" Hyung ကိုကျေးဇူးတင်ပါတယ်

ငယ့်ကိုစောင့်ရှောက်ပေးထားလို့ "

Hyung ကငယ့်ကို ချစ်ခြင်းတို့အတိဖုံးတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေလေသည်။

" ရပါတယ် Jungkook "
ဟုသာ ပြုံး၍ပြောလာသည်။နာကျင်နေပေမဲ့ ချစ်ရသူပျော်ရွှင်ဖို့ စွန့်လွှတ်ပေးမည် ထင်ပါရဲ့။

Hyung ရဲ့စိတ်ကိုမြင်နေတဲ့ Jungkook အတွက် လေးစားစိတ်ဝင်မိသည်။

" Jungkook ရောက်နေပြီဆိုတော့ Hyung ပြန်တော့မယ် Taeလေးကို ဂရုစိုက်ပေးပါ "

သူခေါင်းသာငြိမ့်ပြမိသည်။စိတ်ချပါ ကျွန်တော့်တစ်ဘဝစားလုံး ငယ့်အနားမှာ ပေးဆပ်ရင်း ချစ်သွားပါ့မယ်။
.
.
.
.
" ဟင့် ကိုကို "
ရှိုက်ငိုကာ မိမိအားယောင်းရမ်းတမ်းတနေတဲ့ ကလေးငယ်

" ငယ် ကိုယ် ရှိတယ် ငယ့်ဘေးမှာရှိတယ် "

ခေါင်းလေးကို ဖွဖွလေးပုတ်ပေးပြီးချော့တော့ ငြိမ်သွားလေသည်။

ကလေးငယ်ကိုကြည့်ကာ Jungkook ပါးပြင်ထက်မျက်ရည်ပူနွေးနွေးတို့ ဖျက်သန်းစီးဆင်းလေသည်။

ခဏကြာတော့ မျက်လုံးလေးအသာဖွင့်လာတဲ့ ကလေးငယ်ကြောင့် မျက်ရည်တွေ ကပြာကယာသုတ်ပစ်လိုက်ရသည်။

" နိုးပြီလား ငယ် သက်သာရဲ့လား ဟင် "

ပြုံးပြကာခေါင်းငြိမ့်ပြတဲ့ကလေးငယ် Drip လဲကုန်ပြီဖြစ်တာကြောင့် ကလေးငယ်ဆေးရုံကဆင်းနိုင်ရန် ပြင်ဆင်ရသည်။
.
.
.
.
.
အိမ်ရှေ့သို့ကားလေးရပ်သည်နှင့် ကလေးငယ်ကို ပွေ့ချီလိုက်တော့ ပေါ့ပါးတဲ့ခန္ဓာကိုယ်လေးက အလိုက်သင့်ပါလာသည်။

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now