Part 2🌵

10.2K 982 77
                                    

#Unicode

နိုးထလာတဲ့မနက်ခင်းက သာယာမှုအပြည့်  နွေးထွေးတဲ့ခန္ဓာကိုယ်ထဲမှာ နစ်မြုပ်နေတဲ့ Taehyung အဖို့ မနက်ခင်းက အလွန်ပြီးပြည့်စုံလွန်းခဲ့သည်။

" ကိုကို "

အိပ်ချင်းမူးတူးဖြင့် ပထမဆုံး တမ်းတမိသည်က ချစ်ရသူသာ

" ဗျာ "

အိပ်ချင်နေတဲ့မျက်လုံးအစုံကို အသာဖွင့်ကြည့်တော့ သူ့အားအုပ်မိုးကာ ကြည့်နေသည့် ကိုကို့အကြည့်တွေနဲ့ဆုံလေသည်။

" ထတော့ ငယ် ကိုယ်လဲအလုပ်သွား ရမယ် ငယ့်ကိုဆိုင်ဝင်ပို့ပေးမယ် "

" ဟုတ် "

ကိုကိုနဲ့သူချစ်သူဖြစ်ပြီး တစ်နှစ်အကြာမှာ ကိုကို့မိဘတွေ သိသွားခဲ့ကြသည်။ သဘောမတူနိုင်သော မိဘတွေကို လွန်ဆန်ကာ ခေါင်းမာလွန်းတဲ့ ကိုကိုက  နှစ်ယောက်အတူ နေနိုင်ရန် အိမ်လေးတစ်လုံး ဝယ်ခဲ့သည်။

ကိုကို့ရဲ့ခေါင်းမာမှုကြောင့် တစ်ထစ်လျော့သွားတဲ့မိဘ တွေက သူတို့နှစ်ဦးကြား ဝင်မစွက်ဖက်ပဲ ကိုကို့အား Jeon Companyကို ဦးစီးစေသည်။

ကိုကိုသည် ဖွင့်လက်စ camera ဆိုင်လေးကို မိမိအား လွှဲပြောင်းဦးစီးစေကာ သူကတော့ မိဘတွေရဲ့ Company တွင် မိဘတွေအလိုကျ ဦးစီးခဲ့သည်။

သာယာမှုအပြည့်ရှိခဲ့သည့် မိမိတို့ချစ်သူနှစ်ဦးဘဝတွင် အလုပ်သွားချိန်လဲ အတူတူ အိမ်ပြန်ချိန်လဲ အတူတူပင်။

ထိုသို့သော အပျော်တွေထဲ အဘယ်ကြောင့်များ ကံကြမ္မာရိုင်းက ဖန်လာလေသလဲ။တွေးတိုင်းရင်နာမိပါသည်။သို့သော် ခုချိန်ထိ ချစ်နေဆဲပါကိုကို။

တွေးလက်စအတွေးတွေကို ခေါင်းထဲထုတ်ရင်း တစ်ယောက်ထဲအိပ်ယာက နိုးထရပေဦးမည်။

ဒီကိုပြန်လာခြင်းက  ချစ်ရသူနဲ့ တစ်မိုးအောက်တည်း တူတူရှိချင်တဲ့ ဆန္ဒရယ်ကြောင့်ဖြစ်သည်။အလွမ်းဒဏ်က ကြာလေပြင်းလေ ဖြစ်နေတော့ အဝေးဆုံး ထွက်သွားခဲ့ပေမဲ့ ပြန်လာဖို့ဖန်လာခဲ့တော့သည်။

ဒီနေ့ ပွဲစားတစ်ယောက်နဲ့ ချိန်းထားသည်။Coffee ဆိုင်လေးဖွင့်မယ်။ကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ ချိတ်ဆွဲအလှဆင်မယ်။

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now