Part 23🌵

7.9K 786 61
                                    

#Unicode

အရာရာပြီးဆုံးသွားတဲ့အချိန် အဆုံးတွေသတ်က သူမအတွက်တော့ မလှပခဲ့ပေ။

အဲ့ဒီနေ့က မောင် ရောက်လာခဲ့တယ်။သူမကို တရားစီရင်သည့်နေပေါ့။

မောင်နဲ့အတူ မောင့်ကြင်နာသူလဲ ပါလာခဲ့သည်။သူမရဲ့ပြိုတော့မလို မျက်ဝန်းတွေကို မောင်ကလျစ်လျူရှုကာနေမြဲဖြစ်သည်။

ဝဋ်ကြွေးရှိရင် ဒီဘဝမှာပဲ အကြေဆပ်ခဲ့ပါရစေမောင်။Yunna မှားခဲ့တယ်ဆိုရင်တောင် မောင့်ကိုချစ်မိလို့ မှားခဲ့တာဖြစ်လို့ ဘယ်သောအခါမှ နောင်တရမယ်မထင်ဘူး။

ပြန်ရလိုက်တဲ့ မောင့်ရဲ့အမုန်းတွေကိုလဲ ကျေနပ်စွာခံယူမှာမို့ မောင်တစ်ယောက် ချစ်ရသူနဲ့အေးချမ်းပျော်ရွှင်ပါစေ။

" တရားခံ Choi Yunnaသည်သက်သေတို့၏ ထွက်ဆိုချက်များအရ  ပြစ်မှုထင်းရှားသောကြောင့် ထောင်ဒဏ် ၁၀နှစ်ကျခံစေ "

တရားသူကြီးရဲ့ အမိန့်သံအဆုံး သူမနှုတ်ခမ်းပါးတို့ထက် အပြုံးတစ်ပွင့်နှင့် မျက်ဝန်းတို့ဆီမှ မျက်ရည်တို့ ကျဆင်းလာခဲ့သည်။

မောင်ပေးတဲ့ အပြစ်မို့ သူမအတွက်တော့ ဆုလာဒ်တစ်ခုပါပဲ။

မေမေနဲ့ဖေဖေက Hayon ကိုချီကာသူမကို ဂရုဏာမျက်ဝန်းတို့နှင့်ကြည့်နေကြသည်။

မိဘနှစ်ပါးဆီသို့ တိုးကပ်သွားမိရင်း စိတ်မပူစေရန်ပြောကာ သမီးငယ်ရဲ့ ပါးပြင်နုနုကို နမ်းရှိုက်မိသည်။

ထို့နောက် မောင်နားကို ချည်းကပ်မိတော့ တစ်ဘက်သို့မျက်နှာလှည့်သွားသည့် သူမချစ်ရသူ မောင်....

" Yunna ကိုခွင့်မလွှတ်မှန်း သိပါတယ် Jungkook shi

ပြီးတော့ Taehyung ကိုလဲတောင်းပန်ပါတယ် "

ထိုမျှသာပြောပြီး ထွက်လာခဲ့လိုက်သည်။ *မောင်* ဆိုတဲ့နာမ်စားလေးဟာ သူမနှလုံးသားထဲမှာပဲ  ထာဝရ သော့ခတ်ကာသိမ်းဆည်းလိုက်သည်။

ပျော်ရွှင်စေဖို့ နှလုံးသားကို ရင်းပြီး ဆန္ဒပြုလိုက်ပါတယ် ချစ်ရသူ။စိတ်ရင်းနဲ့ပါ။
.
.
.
.
" No 1448 ဧည့်တွေ့လာတယ် "

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now