Part 22🌵

7.9K 765 62
                                    

#Unicode

" Min အရှေ့မှာ လူတစ်ယောက် ကားတားနေတယ်"

Jimin ပြောရုံရှိသေး လဲကျသွားသောထိုလူကြောင့် ကားကိုအလျင်အမြန်ရပ်ကာ နှစ်ယောက်သားဆင်းကြည့်မိသည်။

" Min သူဘာဖြစ်သွားတာလဲ မသိဘူး "

ခင်ပွန်းဖြစ်သူ Yoongiရဲ့လက်မောင်းကို အားကိုးတကြီးဆုတ်ကိုင်ထားမိသည်။

Yoongi အရှေ့တွင် မှောက်ယက်အနေအထားနဲ့လဲကျနေသော လူအားအသာတွန်းလိုက်တော့ မြင်လိုက်ရသည့် မျက်နှာလေးကြောင့် ထိတ်လန့်သွားရသည်။

" Taehyung ! "

ဘယ်လိုဖြစ်ပြီး Taehyung ကဒီပုံစံနဲ့ ဒီလိုနေရာမှရှိနေရသနည်း။

" Chim ဒါ Jungkook ရဲ့ကောင်လေး
   ဆေးရုံပို့မှဖြစ်မယ် ကိုယ့်ကိုကူပါဦး "

Taehyung ရဲ့အသိမဲ့နေသော ခန္ဓာကိုယ်အား ဂရုတစိုက်တွဲကာ Seoulသို့ အလျင်အမြန်ပြန်လာခဲ့သည်။

Chim မိဘဆွေရှိသော Busan ကိုအလည်သွားရာမှ အပြန်တွင် ကြုံရခြင်းဖြစ်သည်။

Taehyung ဒီကလေးဘယ်လို အခက်အခဲမျိုးတွေကြုံတွေ့လာရတာလဲ။

ဆေးရုံသို့ရောက်သည်နှင့် Jungkook ကိုဆက်သွယ်လိုက်သည်။

ဆရာဝန်ကြီးတွေပြောပုံအရ  အားနည်းနေသည့်အတွက်ကြောင့် သတိလစ်သွားရပြီး စိုးရိမ်စရာမရှိဟုပြောသည်။

ကုတင်ပေါ်တွင် ဆေးအရှိန်ဖြင့်အနားယူနေသော Taehyung ကို Jiminက ရေပတ်တိုက်သန့်စင်ပေးနေသည်။

" Min "

Jimin ခေါ်သံကြောင့် အနားကိုသွားလိုက်တော့ လက်ကောက်ဝတ်က အညိုမဲစွဲနေသည့် ဒဏ်ရာများကိုတွေ့ရသည်။တကယ်ပဲ ဒီကလေးက ဘယ်လိုအန္တာရယ်မျိုးတွေနဲ့ ကြုံလာရသည်လဲ။

ခဏကြာတော့ အလောတကြီးရောက်လာသည့် Jungkook ပုံစံက အသိစိတ်လွတ်နေသူပမာပင်

အိပ်ယာပေါ်က Taehyung ကိုယ်လေးကို ဖက်ကာတောင်းပန်စကား တဖွဖွပြောနေသည်။

" Jungkook စိတ်ကို ငြိမ်ငြိမ်ထား မင်းတို့ဘာတွေဖြစ်ကြတာလဲ Hyung ကိုပြောပြပါဦး "

အစအဆုံးပြောပြသည့် Jungkook ရဲ့စကားသံတွေအဆုံး ထင်ရှားသည့်တရားခံမှာ Choi Yunna အပြင်မရှိပေ။

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now