Part 17🌵

7.8K 825 105
                                    

#Unicode

ဒီနေ့ဆို မောင်ထွက်သွားတာ ၁ပတ်ပြည့်ပြီပေါ့။သမီးကို မေမေတို့ဆီမှာ ပို့ထားလိုက်တယ်။

သူမကတော့ မောင့်အခန်းထဲတွင် Alcohol ကို သခင်သဖွယ်ကိုးကွယ်ကာ အလဲလဲအပြိုပြိုပင်။

မောင့်ကို ချစ်မိလို့ အဆုံးရှုံးမခံနိုင်လို့ မှားတဲ့အမှားမို့ ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး မောင်

ကျွန်မဘေးမှာ၇နှစ်နီးပါးရှိနေခဲ့တဲ့မောင်က ကျွန်မအချစ်ကို နည်းနည်းလေးတောင် မမြင်ခဲ့ဘူးလား။

မောင့်ကိုယ်သင်းနံ့လေးစွဲထင်နေတဲ့ အိပ်ယာထက်မှာသူမနေနေမိသည်။

သူမတစ်ခါလေးမှ မပိုင်ဆိုင်ဖူးခဲ့တဲ့မောင်  တစ်ခါလေးမှ နမ်းရှိုက်ခွင့်မရခဲ့တဲ့မောင်
သို့သော် သူမမောင့်ကို အရူးအမူးချစ်သည်။

အတွေးတွေနဲ့အတူ ကြေကွဲသွားသော နှလုံးသားတွေနဲ့ ကျဆင်းလာတဲ့ မျက်ရည်တွေ

" မောင်ရယ် Yunna ကို မထားခဲ့ပါနဲ့ "

တုန့်ရီစွာထွက်ပေါ်လာတဲ့ သူမအသံက တိတ်ဆိတ်နေသော အခန်းကျဉ်းလေးမှာ ထိတ်လန့်ဖွယ်ရာပင်။

Ring...Ring....

မြည်လာသောဖုန်းကို စိတ်မပါလက်မပါယူကြည့်မိတော့ သူမမျက်ဝန်းတွေ ပြူးကျယ်ကုန်သည်။

အိပ်ယာထက်မှထထိုင်ကာ မျက်ရည်တွေကို ကပြာကယာသုတ်ရင်း

" ဟယ်လို မောင် "

" ....... "

" ဟုတ် လာခဲ့မယ် Yunna လာခဲ့မယ်မောင် "

သူမရင်တွေ ခုန်လွန်းလို့ ရင်ဘတ်လေးကိုဖိကာ ခန္ဓာကိုယ်ကို အိပ်ယာထပ် တဖန်ပြန်လှဲချလိုက်သည်။

မောင်က တွေ့ရအောင်တဲ့။သူမဘယ်လောက် ချစ်နေကြောင်း မောင့်ကို ဖွင့်ပြောမယ်။သမီးကလဲ မောင့်ကိုလိုအပ်ကြောင်းပြောမယ်။

အတွေးတွေနဲ့အတူ စိတ်လှုပ်ရှားစွာ မောင်နဲ့တွေ့ရဖို့ သူမပြင်ဆင်နေမိသည်။

ကျွန်မမောင့်ကို အဲ့လောက်ရူးနေမိပြီ ။

ပြင်ဆင်ပြီးတာနဲ့ ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင် သူမရပ်ကာ ကြည့်မိသည်။

ℝ𝔼𝕄𝔼𝕄𝔹𝔼ℝ 𝕄𝔼 { TAEKOOK }Where stories live. Discover now