Part-3

2.7K 406 25
                                    

Unicode Version

သင်္ကြံန်အကြတ်နေ့သို့ ရောက်လာသောအခါ အားလုံး၏သင်္ကြံန်ပိုးမှာလည်း အတော်ပင်အရှိန်ရလျက်ရှိသည်။ Loud Speakerမှ သင်္ကြန်သီချင်းခပ်မြူးမြူးကလည်း သူတို့အားလုံး၏စိတ်ကိုလန်းဆန်းတက်ကြွလာစေသည်။

ယနေ့တော့ ရဝေချမ်းတို့၏ အိမ်ရှေ့မျက်နှာစာတွင် လူစည်လျက်ရှိသည်။ အကြောင်းမှာ ရဝေချမ်းတို့အိမ်က မုန့်လုံးရေပေါ်စတုဒီသာလုပ်သောကြောင့်ပင်။ ထို့ကြောင့် အနီးအနားကလူငယ်များသာမကလူကြီးများကပါ လာရောက်ကူညီသောကြောင့် ဤမျှပွဲစည်နေခြင်းဖြစ်သည်။

တစ်ယောက်တစ်ပေါက်နှင့် မုန့်အနှစ်လုပ်သည့်လူကလုပ်၊ မုန့်လုံးကိုအစာသွပ်သည့်သူကသွပ်နှင့် ဆူညံနေတော့သည်။ ထို့အပြင် မဏ္ဍပ်နှင့်လည်းနီးသည်ဖြစ်ရာ လူပျိုလှည့်ချင်ကြသောလူငယ်အချို့မှာလည်း ကောင်မလေးတစ်သိုက်၏အနားတွင် ရစ်သီရစ်သီလုပ်နေကြသည်။

ရဝေချမ်းနှင့်ဇေယျာချမ်းမှာ ခြံထဲကအပင်ရိပ်အောက်တွင်
ထိုင်နေကာ ထိုမြင်ကွင်းကို အသာငေးကြည့်နေကြသည်။ ထိုစဥ် သူတို့၏မြင်ကွင်းထဲသို့ ဝင်လာသောလူတစ်ယောက်ကြောင့် ရဝေချမ်းနှင့်ဇေယျာချမ်း၏အာရုံမှာ ထိုလူ့ထံသို့ရောက်သွားရသည်။

အဖြူနှင့်အမည်းကို တစ်လိုင်းစီဖောက်ထားသောတီရှပ်နှင့် ဒူးအနားကို ဖြဲထားသောJean Pantကို ဝတ်ထားပြီး Sneakerအပါးလေးကိုစီးကာ အနားမှဖြတ်သွားသည့်ထိုလူကိုကြည့်ကာ ရဝေချမ်းနှင့်ဇေယျာချမ်းတို့မှာ အားကျသလိုဖြစ်ရပြီး တစ်ချိန်တည်းမှာပင် မနာလိုလည်းဖြစ်ရသည်။

သင်္ကြန်တွင်းအချိန်ဟာ လူငယ်တော်တော်များများ သူ့ထက်ငါ အပြိုင်အဆိုင်ပြင်ဆင်ဝတ်စားတတ်သည်ဖြစ်ရာ ရဝေချမ်းနှင့် ဇေယျာချမ်းမှာလည်း ထိုနည်းတူပင်။ ဖက်ရှင်အမြင်ရှိသော ဇေယျာချမ်းမှာ ညီဖြစ်သူကိုပါ ခေတ်ဆန်ဆန်ဆင်ပေးထားပြီး ကိုယ်တိုင်ကလည်း ခပ်သန့်သန့်ပုံစံပေါက်အောင် ဝတ်စားထားသော်ငြား ယခုတော့ဖြင့် ထိုခပ်ချောချောအမျိုးသားကိုကြည့်၍ သူတို့ရှုံးသွားသလိုခံစားလိုက်ရသည်။

Falling In Love With the Most Admired PersonWhere stories live. Discover now