Part-4

2.5K 374 19
                                    

Unicode Version

သင်္ကြံန်၏အငွေ့အသက်တို့ စွဲကျန်ရစ်နေဆဲအချိန်မှာပင် ရေသဘင်ပွဲဟာ ပြီးဆုံးသွားခဲ့လေပြီ။ ဟိုသည်နေရာအနှံ့တွင် ပိတောက်ပန်းတို့က ဝါဝါထိန်ထိန်ပွင့်လန်းနေဆဲဖြစ်ပြီး မိန်းမပျိုတို့၏ ပန်းကြိုက်တတ်သော သဘာဝကိုဆွဲဆောင်လျက်ရှိသည်။

နှစ်ဆန်းတစ်ရက်နေ့မှာ လူကြီးသူမများ၏ အယူအဆအရ နှစ်ဟောင်းမှ အညစ်အကြေးများကင်းစင်စေရန်အလို့ငှါ တရော်ကင်ပွန်းဖြင့် ခေါင်းဆေးမင်္ဂလာပြုလုပ်ကြသည်။ အဆိုရှိကြသည်ကနှစ်ဆန်းတစ်ရက်နေ့တွင် ပြုသမျှကောင်းမှု၊ မကောင်းမှုမှန်သမျှသည် လာမည့်နှစ်တစ်နှစ်လုံးအပေါ်တွင် သက်ရောက်မှုရှိသည်ဟူ၍ပင်။

ထို့ကြောင့် ထိုရက်တွင် အားလုံးသည် အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားကာ ရသမျှကုသိုလ်ကောင်းမှုကို အရယူကြသည်။

အခြားလူများနည်းတူ ရဝေချမ်းမှာလည်း အတတ်နိုင်ဆုံးဒေါသကင်းအောင် စိတ်ကိုရှင်းရှင်းထားဖို့ ကြိုးစားသော်လည်း မိုးလင်းသည်နှင့် သူ၏ခံနိုင်ရည်ကို စမ်းသပ်ခံရလေတော့သည်။ တရားခံကတော့ နှစ်ယောက်မရှိသော ဇေယျာချမ်းပင်။

ရဝေချမ်းမှာ မနက်ခြောက်နာရီခန့်တွင် အိပ်ရာနိုးလာပြီး ကုတင်ပေါ်တွင် အတန်ကြာအောင်လူးလွန့်နေပြီးမှ အိပ်မှုန်စုန်မွှားနှင့်ထကာ မျက်နှာသစ်ရန် အခန်းထဲမှထွက်ခဲ့သည်။ ရေချိုးကန်ရှိရာသို့အသွားတွင် မီးဖိုချောင်အရှေ့မှ ဖြတ်သွားမိသောအခါ လမ်းလျှောက်ရင်း သမ်းဝေနေသော သူ့ကိုကြည့်၍ မီးဖိုချောင်ထဲမှဒေါ်နှင်းနုက တိုးတိုးကြိတ်ကြိတ်ရယ်နေလေသည်။

ထိုအချိန်အထိ ရဝေချမ်းမှာ ထူးထူးဆန်းဆန်းဟု မတွေးမိသေးချေ။ ခြံထဲသို့ဆင်းကာ ရေချိုးကန်အနားသို့သွားရန် ခြေလှမ်းပြင်လိုက်သည်။ ယခုလေးတင် လမ်းလျှောက်ထွက်ရာမှ ပြန်လာပုံရသော သူ၏အဖေနှင့် ပက်ပင်းတိုးသောအခါ သူ့အဖေသည် သူ့ကိုကြည့်ရင်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ တဟားဟားအော်ရယ်နေသောအခါမှ ရဝေချမ်းတစ်ယောက် ဇဝေဇဝါဖြစ်သွားရသည်။

Falling In Love With the Most Admired PersonWhere stories live. Discover now