Part-11[Final]

4.4K 395 37
                                    

Unicode Version

ခန့်မင်းနောင် ရဝေချမ်းကိုမတွေ့ရသည်မှာ လေးရက်ပင်ရှိသွားလေပြီ။ အကြောင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲများစတင်နေပြီဖြစ်ရာ မြို့ပေါ်ရှိကျောင်း၌ စာမေးပွဲဖြေရသည်မို့ ထိုနေရာတွင်သာ အဆောင်ခန်းငှါး၍ နေရင်းဖြေလိုက်ရသော ရဝေချမ်းကို သွားတွေ့ရန်လည်း အခြေအနေမပေးသောကြောင့် သူ့မှာ လွမ်းလည်း ကြိတ်မှိတ်ကာ သည်းခံနေရသည်။

အသွားအပြန် လူမပင်ပန်းစေရန် သူတို့၏ဆရာက ဦးဆောင်၍စီစဥ်လိုက်သော အစီအစဥ်ဖြစ်လေရာ သင့်တော်လှသဖြင့် သူ့မှာကန့်ကွက်ဖို့လည်း မဖြစ်နိုင်။ ထို့ကြောင့် အိမ်မှာသာနေ၍ ရဝေချမ်း အစစအရာရာအဆင်ပြေစေရန် ဆုတောင်းရုံသာ တတ်နိုင်တော့သည်။

ဇေယျာချမ်းကလည်း သူ၏ပထမနှစ်ဝက်စာမေးပွဲအတွက် အလုပ်ရှုပ်နေသည်ဖြစ်ရာ ခန့်မင်းနောင်မှာ ဤရက်ပိုင်းတွင်တစ်ယောက်တည်းဖြစ်နေရသည်။ ထို့ကြောင့် သူ၏စာမူများကိုသာ အာရုံစိုက်၍ ရေးဖြစ်နေသည်။ သို့ဖြစ်ရာ ဤရက်ပိုင်းတွင် ခန့်မင်းနောင်မှာ အိမ်ထဲကအိမ်ပြင်ပင် မထွက်ဖြစ်ချေ။ ယ

ခန့်မင်းနောင်၏အဖေနှင့်အမေကတော့ ခန့်မင်းနောင်ကို လွမ်းနာကျနေသည်ဟု စနောက်ကြသည်။ ခန့်မင်းနောင်နှင့်ရဝေချမ်း၏ အခြေအနေကို မိဘများကိုပြောပြထားပြီး ခွင့်ပြုချက်ကြိုတောင်းထားသည်ဖြစ်ရာ နှစ်ဦးလုံးကတော့ မကန့်ကွက်ကြပေ။ သစ္စာမဲ့သောသူကို တမ်းတနေမည်ထက်စာလျှင် ဤအခြေအနေကိုသာ ပို၍ လိုလားကြောင်းလည်း ပြောကြသည်။

ယနေ့ဆိုလျှင် ငါးရက်မြောက်နေ့ပင်။ နောက်သုံးရက်ပြီးလျှင်တက္ကသိုလ်ဝင်စာမေးပွဲ လုံးဝပြီးစီးပြီဖြစ်သည်။ ထို့ကြောင့် ခန့်မင်းနောင်မှာ ယခင်ရက်များထက်စာလျှင် အနည်းငယ်ပို၍တက်ကြွလျက်ရှိသည်။

စာအုပ်ထုတ်ရန် ပြင်ဆင်ထားသောစာမူမှာလည်း အချောသတ်၍ပြီးစီးသွားပြီဖြစ်သည့်အတွက် စာအုပ်တိုက်ကိုစာမူအပ်ရင်း ဆွေးနွေးစရာရှိသည်များကို ဆွေးနွေးရန် နှစ်ရက်ခန့်ခရီးထွက်ရမည်ဖြစ်သည်။

ကိစ္စများအဆင်ပြေချောမွေ့လျှင် ရဝေချမ်း၏စာမေးပွဲအပြီးတွင်ရဝေချမ်း ဤမျှစောင့်မျှော်နေရပါသော လုံးချင်းဝတ္ထုကိုပါ မြင်ရတော့ပေမည်။ ဤသည်မှာလည်း ခန့်မင်းနောင်ပြင်ဆင်ထားသည့်ရဝေချမ်းအတွက် လက်ဆောင်ပင်။

Falling In Love With the Most Admired PersonWhere stories live. Discover now