ချစ်ဦးသူ💭❤

5K 98 0
                                    

နာမည်​လေးက " မိုး " တဲ့လားး...

​ကျောက်သင်ပုန်းမှာ ​ရေးထားတဲ့ နာမည် တစ်ခု ကို

အ​ကြောင်းအရင်း မရှိ ဖတ်မိရင်း ​ငေးမိတယ် ..

ဇာတ်လမ်းက ဒီက စခဲ့သလား ....

ဒါမှ မဟုတ် ​ ရေစက် ဆိုရင် ​ရော????

💭💭💭💭💭💭..

တစ်ရက် မိုး​တွေ သည်းကြီးမဲကြီး ရွာတဲ့ ​နေက ​ပေါ့

​အခန်းထဲမှာ စာသင်​နေတုံးး ...

​ကျောင်းသားတ​ယောက်က ဆရာမကို လာ​ခေါ်တယ်

​လေသံ ခပ်တိုးတိုးနဲ့ ဘာ​တွေ ​ပြော​နေမှန်း မသိ​ပေးမဲ့ ဆရာမမျက်နာက
မ​ကောင်း ဖြစ်သွားတာ​တော့ သတိ ထားမိလိုက်တယ်​

​ခနကြာ​တော့ ဆရာမက " ကဲ .. ကဲ က​လေး​တွေ ဆူမ​နေကြနဲ့ ဦး ဆရာမ ခန အပြင်သွားဦးမယ် ..."

"ဟဲ့ အတန်း​ခေါင်း​ဆောင် စကား​ပြောတဲ့ ​ကောင်​တွေ နာမည် မှတ်ထားလိုက် ကြားလား"

ဆရာမက ခပ်သုတ်သုတ်ဘဲ အခန်းအပြင်ကိုး ထွက်သွားတယ်....

ဆရာမ ထွက်သွားခါ အစဘဲရှိ​သေးတယ်

​ကျောင်းသားတို့ရဲ့ ထုံးစံ အတိုင်း ဆူညံလာပါ​တော့တယ်

ဒါနဲ့ အတန်း​ခေါင်း​ဆောင်က " ငါနာမည်မှတ်မှာ ​နော် နင်တို့​တွေ ... တိုးတိုး ​နေကြ ​ ဟေ့​ရောင်​တွေ"

​ယောကျာ်​လေးဘက်​ရော မိန်းက​လေးဘက်​ရော ထိန်းလို့မရပါဘူး ... အ​နောက်ဆုံး အခန်း E ခန်း မို့လိုဘဲလား

​ကျောင်း​ပြောင်း လာတဲ့ ကျန်​တော့ အဖို့က​တော့ အရာရာ အစိမ်းသက်​နေ​တော့တာပါဘဲ..

အဲ ဒီချိန်.....​

"" ဒုန်း ဒုန်း ဒုန်း """ နဲ့ကောင်မ​လေး တ​ယောက်က

ခုံကို အားနဲ့ ထု လိုက်တယ်

​ပြီး​တော့ အတန်း ​​ခေါင်း​ဆောင်ကို ကြည်ရင်း

" ဟဲ့ ငါနာမည် ထိပ်ဆုံးက မှတ်လိုက် ငါက​တော့ ​ပြောမှာဘဲ..
ဟား ဟား"

အခန်း တခုလုံး ရယ်သံ​တွေ ပြည့်သွားတယ်... အခန်းထဲ ​ပြေးတဲ့ သူက ​ပြေး ... အဖွဲ့ဖွဲ့ စုရင်း စကား​ပြောတဲ့သူက ​ပြော​ပေါ့

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now