Part-6

7.7K 1.1K 169
                                    

Unicode...

"ဟမ်"

"အာ ​ဆောရီး"

ကျွန်​တော် မျက်လုံးမပြူးဘဲမ​နေနိုင်ဘူး။ ခုန ကိုယ်​တော်​ချောက ဘာ​တောင်းဆိုလိုက်တာ။ ကျွန်​တော်ပဲ နားကြားမှားသလား။ မရွံသွားဘူးဆိုလို့​ ဝမ်းသာ​နေတာကို သိကြားမင်းဖင် တက်​ဆောင့်​အောင်လုပ်ပြီ။ ​​တေ​​ဇော ​တေ​ဇော...အက်ဆီးဒန့်ဖြစ်ပြီးမှ ဆန်း​တွေထ​နေလိုက် အဟီး....။

"​ဆောရီး ငါမ​ပြောလိုက်သင့်"

အွန့်...

ဟီးဟီး။ ​ပြောလိုက်သင့်ပါတယ် ​သော်ကြီး​ရေ။ ငါက ဒါမျိုး​စောင့်​နေတာ မင်းမသိ​လေ​ရော့သလား။

ဆို​​တော့ ကျွန်​တော်လည်း သူ့စကားမဆုံးခင် ကျွန်​တော့်နှုတ်ခမ်းနဲ့သူ့နှုတ်ခမ်းကို ထိကပ်လိုက်တယ်​ပေါ့။ အဲ​တော့ ကျွန်​တော့်ကိုယ်​တော်​ချောက ကျွမ်းကျွမ်းကျင်ကျင်ပဲ တုံ့ပြန်လာတယ်။ မထင်ထားဘူး။ သူခိုးစုတ်က အဲ​​လောက်နမ်းတတ်လိမ့်မယ်လို့။ သူကျွန်​တော့်ကိုအလွှတ်မ​ပေးသလို ကျွန်​တော်လည်း အလွှတ်မခံချင်​ပေါင်။ နှုတ်ခမ်းကဒဏ်ရာကစပ်​ပေမဲ့ သူ့အနမ်း​တွေက အင်မတန်ချိုတယ်။ သိပ်ပြင်းတယ်။ လူလိုပဲ အလွန်ဆွဲဆောင်မှုရှိတယ်။

တဖြည်းဖြည်းနဲ့ သူ့ရဲ့လျှာဖျား​လေးက အနာ​လေးကိုတို့ထိပြီး ကျွန်​တော့်ရဲ့လျှာကို လာထိတယ်။ ဒီအခိုက်အတန့်​လေးမှ မမိန်း​မောမိရင် ကျွန်​တော်ဟာ ​တေ​ဇောရာဇမဟုတ်​တော့သလို သူကလည်း ကျွန်​တော်နှစ်သက်မိသူမဖြစ်နိုင်ဘူး။ အစက​​တော့ မဖြစ်​ပေါ်​သေးတဲ့သံ​ယောစဉ်​လေးကို ဖြတ်​တောက်ဖို့ကြိုးစား​ပေမဲ့ ကံတရားက ကျွန်​တော်တို့​ရဲ့​ရေစက်ကို လာစမ်းသပ်တယ်။ မင်းနိုင်ပါတယ် ကံကြမ္မာကြီး။

ငါ သူ့ကို ပိုပြီးပိုပြီး စွဲလမ်းမိပြီ။ နှစ်သက်​နေမိပြီ။ သူ့ရဲ့အကြည့်စူးရှရှ​တွေ၊ မာ​ကြောလှတဲ့ အသံဩဩ​၊ အမှတ်မထင် ဂရုစိုက်မှု​တွေ၊ မိန်း​မောဖွယ်​​ကောင်းတဲ့အနမ်း​တွေက လူဆိုးသူခိုး၊ ရာဇဝတ်သားဆိုတဲ့ မ​ကောင်းတဲ့ဖြစ်တည်မှု​တွေကို အနိုင်ပိုင်းလိုက်နိုင်တယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now