Part-8

7.2K 1K 149
                                    

Unicode...

ဘုန်း​သော်ဇင်တဲ့...ချစ်ဖို့​ကောင်းလိုက်တဲ့နာမည်...

ကျွန်​တော်​စောင့်​နေမိတယ်။ ခရီးကပြန်လာရင် ကျွန်​တော့်ကိုလာ​တွေ့မယ်တဲ့။ မတ္တရာဘက်သွားတယ်ဆိုပဲ။ ဘယ်နှရက်ကြာမယ်လည်း​ပြောမသွားဘူး။ ကျွန်​တော်​တော့ အက်ဆီးဒန့်ဖြစ်ပြီး ​နောက်ရက်အိမ်​ရောက်တည်းက အ​မေကအလုပ်မသွားခိုင်း​တော့ဘူး။ တစ်ပတ်​လောက်နားပါတဲ့။ ဟုတ်ပါတယ်။ လက်ကျိုးကြီးနဲ့လည်းဆိုင်ကယ်​မောင်းမရဘူးလေ။ ဟို​ရောက်လည်း ​ဘောပင်ကိုင်လို့မှမရတာ။ အဲ​တော့ခွင့်တိုင်ရ​တော့တာ​ပေါ့။

ဟိုတစ်​နေ့က ​မှိုင်းမိပြီး ပြောမိ​ပြောရာနဲ့ ​​​​သော်ကြီးကို အလုပ်သွားမယ်​တွေဘာ​တွေ​ပြောလိုက်မိတာ။ စိတ်ပူမလားလို့။ တကယ်က မသွားနိုင်ပါဘူး။ အဲ​နေ့ကလည်း မြတ်သူလိုက်ပို့လို့ ​ချော​ချော​မွေ့​မွေ့ပြန်​ရောက်လာတာ။ အဖြစ်က တက္ကစီ​တောင်တားမစီးနိုင်ဘူးရယ်။ မြတ်သူဆိုတဲ့​ကောင်က အင်မတန်မှ ဆိုင်ကယ်ပြင်ကျွမ်းတယ်။ ဝပ်​ရှော့မှာများ လုပ်ဖူးလားမသိပါဘူး။ အခုလည်းဆိုင်ကယ်စုတ် ပြန်​ကောင်းသွားပါပြီ။

အိမ်​ရောက်​ရောက်ချင်း တတ်နိုင်သမျှ မျက်နှာကိုရွှင်ရွှင်ထား​ပေမဲ့ ​မွေးသမိခင်က​ စိုးရိမ်တကြီးဆူတယ်။ ဒါ​တောင် မျက်နှာ​ပေါ်က ဒဏ်ရာဒဏ်ချက်​လေး​တွေ နည်းနည်းပါးပါး​ပျောက်သွားလို့။ အလုပ်နား​နေတုန်း အိမ်မှာ နားနား​နေ​နေ ​နေရမယ်မထင်​လေနဲ့ဗျ။ ပ​ထွေးက တဆူဆူ တပူပူနဲ့မို့ အခန်းတွင်း​အောင်​တောင် မ​နေနိုင်ဘူး။

အဲဒါနဲ့ ​ည​နေခင်းများဆို ရပ်ကွက်ထဲ က​လေးဗိုလ်လုပ်၊ လမ်းထိပ်က လက်ဖက်ရည်ဆိုင်သွားနဲ့ အချိန်ဖြုန်းရတာ​ပေါ့။ အင်း...တစ်ခါတ​လေ​တော့လည်း ပ​ထွေး​တော်အပြင်ထွက်ရင် ကိုယ်က အိမ်ထဲ​နေရုံ​ပေါ့။ ဒီ​နေ့လည်း ခါတိုင်းလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ပြန်အလာ လမ်းထိပ်မှာ ကျွန်​တော့်ရဲ့ဘယ်လက်ကို ဆွဲခံလိုက်ရတယ်။

စစချင်း​တော့ လန့်သွား​ပေမဲ့ ဆွဲ​ခေါ်​ရာ​နောက် ပါသွားတာပါပဲ။ တခြားသူမှမဟုတ်တာ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now