Part-9

6.9K 1K 139
                                    

Unicode...

အိမ်ထဲပြုံးတုံးတုံးနဲ့ဝင်လာ​​တော့ ​ခေါင်းရင်းကြားထဲမှာ ပ​ထွေးဖြစ်သူက ကုန်းကုန်းကွကွနဲ့ ဘာလုပ်​နေတယ်မသိဘူး။ ကျွန်​တော့်လည်းမြင်​ရော ပြာတိပြာယာနဲ့ ထွက်လာပြီး အိမ်​ရှေ့စတီခုံမှာဝင်ထိုင်တယ်။ မနက်က သတင်းစာကြီး​ကောက်ဖတ်ပြီး ကျွန်​တော့်ကိုအခုမှမြင်သလိုဟန်​ဆောင်​ရော။

"​​အော်​အေ့...ပြန်လာပြီလား..
မင်းအ​မေလည်း ပြန်​ရောက်​နေပြီ"

အံမယ်...ဖုံးတာ ဖုံးတာ...။ ဟင်းဟင်း...သူခိုး လူမိတာပဲ။ သိလိုက်ပြီ​လေ။ သင်း အရက်ပုလင်း​​တွေ ​ရေမီတာပုံးထဲသွားဖွက်တာပဲဖြစ်မယ်။ ဒီဘိုး​တော်နဲ့ မတည့်အတူ​နေလာတာ ငါးနှစ်​ကျော်ပြီ။ ပုံစံကြည့်လိုက်တာနဲ့ ဘာကိုဆိုလိုတယ်။ ဘာကိုဖုံးတယ်။ ဘာကိုဖိတယ်။ ​တေ​ဇောတို့အကုန်သိ။

"ဟုတ်...ကျွန်​တော်အ​ပေါ်တက်​တော့မယ်​"

ခုချိန်​တော့ ခပ်တည်တည်ပဲ အသာ​လေးထားထားဦးမယ်။ ညကျမှ​တွေ့မယ်။

** ညစာစားပြီးကြ​​​တော့ ​ဒေါ်မြတ်မြတ်လှိုင်က ထုံးစံအရ ပဌာန်းရွတ် ပုတီးစိပ် ဘုရားရှိခိုးတယ်။ ဦးလှ​ဆွေက အိမ်​ရှေ့မှာ ခေါက်တွန့်​ခေါက်ပြန်လမ်းလျှောက်​လေ့ရှိ​​ပေမဲ့လို့ ဒီ​နေ့​တော့ အိမ်​ရှေ့ဧည့်ခန်းမှာသာ မိန့်မိန့်ကြီးထိုင်​နေ​လေတယ်။ **

ကျွန်​တော်လည်း ဘယ်ရမလဲ။ ဒီတစ်ခါ မှတ်​လောက်သား​လောက်​အောင် ပညာ​ပေးချင်တာမို့ မရရတဲ့နည်းနဲ့ကို အဲပုလင်း​တွေယူဦးမှာ။ အဲဒါနဲ့ လမ်းထဲက ဦးလှ​ဆွေရဲ့ တီး​သောက်​ဖော်​​သောက်ဖက် ဦးစိန်တင့်ကြီးကို အကူအညီသွား​တောင်းတယ်။

"ကျွန်​တော့်ကို ကူညီပါဦး ဦး​လေးရယ်...လက်ကျိုးထားလို့ အလုပ်နားတာ ကောင်း​ကောင်းမနားရဘူးဗျာ...
ဘာပြဿနာ​တွေတက်တယ်မသိဘူး...အခု နှစ်​ယောက်သား သတ်​နေကြတာ နားငြီးလွန်းလို့ ဇရပ်သာ​ပြောင်း​နေလိုက်ချင်​တော့တယ်"

"​ဟေ...အဲ​လောက်​တောင်ပဲလား...လှ​ဆွေကွာ...အရင်ကဆို တမြတ်မြတ်နဲ့ ပါးစပ်ဖျားကကို မချတာပါကွာ...ဘာ​တွေများ ဘယ်လိုဖြစ်ကြပါလိမ့်"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now