Unicode...
တင် တင်း...
>> အခန်းထဲမှာ စောင့်နေ
အို...လာကြတော့မယ်ထင်တယ်။ စိတ်လှုပ်ရှားလိုက်တာ။ တန်ဆောင်မုန်းလပြည့်ညမှာ ကျွန်တော့်ဆီလာမယ်လို့ သော်ကြီးကပြောပြီးသား။ ကျွန်တော့်အိမ်တောင် မဟုတ်ဘူး။ အခန်းထဲထိတဲ့။ အဟိ။ အစကစိုးရိမ်နေသေးတယ်။ အမေနဲ့ ဦးလှဆွေကြီးလည်းရှိတယ်။ ရပ်ကွက်ထဲလည်း လူတွေအဲလောက်များတာ။ ဘယ်လိုလာမလဲပေါ့။ ပြီးတော့မှ သတိရတယ်။
ကျုပ်ချစ်သူက ရိုးရိုးမှ မဟုတ်တာ။ ဂျီးနီးယက်စ်သူခိုးလေ။ ဒီလောက်ကတော့ သူတို့ဖို့ အပျော့ပဲနေမှာ။ ညနေကပဲ အသည်းပုံ မီးခွက်လေးတွေ ဝယ်ထားတယ်။ သော်ကြီးမလာခင် ကြိုပြီး နေရာချထားလိုက်ဦးမှ။ မီးခွက်လေးတွေနဲ့ အသည်းပုံလေးဖော်လိုက်ပြီး အလယ်မှာက ဦးလှဆွေရဲ့ သူမသိလိုက်တဲ့ကောင်းမှု တဖြစ်လဲ အရက်ဖြူပုလင်းလေးရယ် ဖန်ခွက်လေးနှစ်လုံးရယ် ချထားလိုက်တယ်။
ဟီးဟီး တအားရိုသွားလား။ မီးကတော့ သော်ကြီးလာမှ ထွန်းတော့မယ်။ တော်ကြာ ရောက်မလာသေးခင် ကုန်သွားရင် ထပ်ထွန်းစရာမရှိတော့ဘူး။ ခဏကြာတော့ အောက်ထပ်က အသံတွေကြားလာရတယ်။ ကျွန်တော်ထင်တဲ့အတိုင်း ကျုပ်သူခိုးလေး ရောက်ပါပြီ။
သူတစ်ယောက်တည်းလည်း ဟုတ်မယ်မထင်။ အင်း...ဆက်ပြီး စောင့်လိုက်ဦးမှ...
........................
"အိမ်ရှင်တို့...အိမ်ရှင်တို့"
"ဘယ်သူတွေများလဲကွယ်"
"ကျွန်တော်တို့က တန်ဆောင်တိုင်ညမှာ ပံ့သကူပစ်မဲ့ အဖွဲ့ပါ...ရပ်ကွက်တစ်ခုလုံး တက်တက်ကြွကြွပါဝင်စေချင်တာမို့ စိတ်ဝင်စားရင် အသေးစိတ်ပြောပြပေးပါ့မယ်ဗျ"
"ရှုပ်ရှုပ်ယှက်ယှက်တွေ မြတ်ရယ်...ဒီမှာ ငါ့တူတို့ ဦးလေးတို့လည်း မငယ်တော့ဘူး...မင်းတို့လူငယ်တွေ ကိုယ့်ဘာသာ အေးအေးဆေးဆေးပျော်ကြပါ"
"ပံ့သကူက အသက်အရွယ် ကျားမ မရွေးပါဝင်နိုင်အောင် ပစ္စည်းစုံ ပစ်မှာပါ... ဟိုအန်တီတို့ဖို့ဆိုလေ အင်ဒိုနီးရှားပါတိတ်တို့၊ စပန့်သားအစတို့လည်း ပါတယ်ဗျ...ပြီးတော့ မေမြို့က တိုက်ရိုက်လာတဲ့ မက်မန်းဝိုင်စစ်စစ်တွေလည်းပါတယ်...ဂရန်းရွိုင်ရယ် ဝီစကီတွေ...မြန်မာ ဘီယာဘူးတွေ အို စုံလို့ပါပဲ"
YOU ARE READING
General FictionFirst Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှားနေတယ် မုန့်လင်လင်ကွ... ဪအေး ဟုတ်သား...ဟေ့ကောင်တွေ ပြန်အော်မယ်... စိန်ပလိန်တိန် မုန့်လင်လင်!!!! မုန့်လင်လင်!!!! ~~~~~~~~~~~~~~~~~~~...