Part-13

6.4K 869 80
                                    

Unicode...

"အာ့...နာတယ်​လေ...အချစ်က​လေးရဲ့....အ....ဖြည်းဖြည်းလုပ်မှ​ပေါ့...အား"

ငါ​နော်။ စိတ်ရှိလက်ရှိသာ ဆဲလိုက်လို့က​တော့ သင်းနဲ့မညားဘဲ ငါနဲ့ Lee Dong Wookနဲ့ညားသွားမယ် ဟင်းဟင်း။ အနာ​ဆေးထည့်တာပဲ ဒီ​လောက်​တော့နာမှာ​ပေါ့။ မှတ်မိပါ​သေးတယ်။ သူ့အလှည့်တုန်းက ကျွန်​တော့်ကို နှုတ်ခမ်း​လေး​ပေါက်တာ ဒီ​လောက်ဖြစ်ပျက်ရလားဆိုပြီး တစ်ရှူးနဲ့ ဖိဖိသုတ်ခဲ့တာ​လေ။ လက်စား​ချေတာလားဆို​တော့ မဟုတ်ပါဘူး။ ​ဆေးထည့်သင့်တဲ့​နေရာထည့်ပြီး ကြပ်ထုပ်ထိုး​ပေး​​နေတာကို ​အော်​နေလိုက်တာများ မီးနင်း​နေလားမှတ်ရတယ်။

"ပြီးပြီ...ပြီးပြီ"

"စိတ်ဆိုး​နေ​သေးတာလား"

"မဆိုးရပါဘူး...ဆိုးချိန်လည်း ဘယ်မှာရှိလို့လဲ...ဟိုအ​ကောင်​တွေကို သွားကြည့်​ပေးလိုက်ဦးမယ်"

"မသွားနဲ့"

​ဆေးထုတ်​လေးယူပြီး ထွက်သွားမယ်အလုပ် လက်ကိုလှမ်းဆွဲ​လေရဲ့။

"သူတို့ဘာသာ လုပ်လိမ့်မယ်...သဝန်တိုတယ် အချစ်​လေးရ"

​ခွပ်....

"အာ့ ဘာလို့လဲ"

​ဘေးနားမှာရှိ​နေတဲ့ ​ရေခွက်နဲ့​ခေါင်းကို ​​ဆော်ပလိုက်တယ်။ ဘယ့်နှယ်...ဖြစ်တုန်းကကျ အတူတူ။ အခုမှ သဝန်တိုတယ်​လေးဘာ​လေး။

"မင်းနဲ့ငါ ဘာ​တွေလဲဆိုတာ အကုန်သိတယ်...သဝန်တိုရ​အောင် ငါကသူတို့​ရှေ့ ဖင်​ချွတ်​ပြေးပြမှာမို့လား"

"​​ပြေးမဲ့​ပြေး​တော့ ငါ့​ရှေ့​ပြေးပြ​လေလို့ ဟဲဟဲ"

ခွပ်...

"အချစ်က​လေးကလည်း စတာကို အာလားလား"

​သေ​သေ။ ရန်ဖြစ်လာတယ်။ အချုပ်ကျလာတယ်။ အာမခံနဲ့ထုတ်လာရတယ်။ ဖူး​​ယောင်​​ပေါက်ပြဲလာတယ်။ ဒါကို ​သောက်ခွက်က ​ပြောင်​နေနိုင်​သေးတယ်။

"​ဖယ်ဖယ်...သွားကြည့်​ပေးလိုက်ဦးမယ်...​ဒါနဲ့ ညစာဘာမှမရှိဘူးမလား"

"ဟုတ်"

"သွားဝယ်​ချေ"

"အယ်...အချစ်က​လေးကလည်း ဟို​ကောင်​တွေကိုဝယ်ခိုင်းလိုက်မယ်​လေ...အချစ်က​လေးနဲ့"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now