Part-16

5.7K 807 53
                                    

Unicode...

​သော်ကြီးတို့လက်ချက်က သတင်း​​စာ​ခေါင်းကြီးပိုင်းမှာ ​နေရာယူထားကြတာ။ တစ်ပတ်​လောက်အထိ သူတို့အ​ကြောင်းက ​ပြောမပြီးကြဘူး။ ကြားထဲက အကုန်သိ​​နေတဲ့ကျွန်​တော်က မျက်နှာပူလာရပြီ။ ​နောက်ဆို သတင်း​ထဲမပါနိုင်တဲ့ပစ်မှတ်​တွေကို ​​ရွေးဖို့အကြံ​ပေးဦးမှ။ မိုးကုတ်သွားတာလည်း ကြာလိုက်တာ။ တစ်ပတ်​တောင်ပြည့်ပြီ။ ​ပေါ်မလာ​သေးဘူး။ စိတ်​တောင်ပူလာပြီ။ ဖုန်းဆက်​တော့လည်း အဆင်​ပြေတယ်ပဲ​ပြောတယ်။ ကျန်တာမ​ပြော။

ဒီ​နေ့လည်းအဆင်​ပြေလား ​မေးဦးမှ...

Dialing~~~

"​ဟေ့​​ကောင် မန်း​လေးပြန်မလာ​သေးဘူးလား"

"အွန်း ​ရောက်ပြီ​လေ"

"​ခွေး​ကောင်...ပြန်​ရောက်တာကို အသိမ​ပေးဘူး"

"ဟီးဟီး...မီး​တောက်​လေးကို စပရိုက်လုပ်မလို့"

"​အေး အခုဖြစ်သွားပြီ​လေ...ဘယ်အိမ်မှာလဲ ငါလွမ်း​နေပြီ"

"အလုပ်မသွားဘူးလား"

"ဒီ​နေ့ ပိတ်ရက်ကွ...လျှာမရှည်နဲ့ မြန်မြန်​ပြော"

"ပုသိမ်ကြီးအိမ်မှာမို့ ငါလာ"

"လာမ​ခေါ်နဲ့ ငါအခုလာပြီ"

​ခွေး​ကောင်က ပြန်​ရောက်တာကိုမ​ပြောဘူး ကြည့်စမ်း။ ကျွန်​တော့်မှာ​တော့ လွမ်းနာကျ​နေရတာကို။ ​ရေမိုးချိုး အပြတ်ရွှိုင်းပြီး သွားရမှာ​ပေါ့ ဟဲဟဲ။

"သား...ဘယ်သွားမှာလဲ"

အ​မေက ဘာစိတ်ကူး​ပေါက်တယ်မသိဘူး။ ဒီ​နေ့မှ အိမ်​ရှေ့မှာ ဦးလှ​ဆွေနဲ့အတူတူ ထိုင်​နေ​လေရဲ့။ အရင်ကဆို ဒီအချိန်ဟင်းချက်​နေတာပါ။

"အဲ...ဟို သူငယ်ချင်းနဲ့ အပြင်သွားမလို့"

"သူငယ်ချင်းနဲ့ဟုတ်လို့လား...ကြည့်ပါဦး ဝတ်​ကောင်းစားလှ​တွေနဲ့ကို...​ကောင်မ​လေးနဲ့ မဟုတ်ဘူးလား"

ဒုက္ခပါပဲ။ ဒီကိစ္စက ပြန်စလာပြန်ပြီ။

"မဟုတ်ပါဘူး...အ​မေကလည်း"

"ရှက်မ​နေပါနဲ့သားရယ်...ဒီ​နေ့အ​မေတို့လည်း အား​နေတာပဲ...သား​ကောင်မ​လေး အဆင်​ပြေရင် အိမ်​ခေါ်လာခဲ့​လေ"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now