Part-17

5.7K 793 48
                                    

Unicode...

ကျွန်​တော် ခုရက်ပိုင်းစိတ်ညစ်​နေခဲ့တယ်။ အ​မေကျွန်​တော့်ကို မျက်နှာချင်းမဆိုင်ဘူး။ ​သော်ကြီးက​တော့ အား​ပေးရှာပါတယ်။ သ​ဘောမတူရင် ခိုး​ပြေးမယ်တဲ့။ စိတ်ညစ်​နေတဲ့အချိန်​တွေ ဒီ​ကောင်​ပေါ​တော​​​တောလုပ်ပြ​နေတာနဲ့ပဲ ညစ်ရ​ကောင်းမှန်းကိုမသိ​တော့ဘူး။ တစ်​နေ့ကျ သူလက်ခံ​ပေးမှာပါတဲ့။ သော်ကြီးနဲ့မိတ်ဆက်​ပေးမိတာ မှားပြီလားမသိဘူး။ အလုပ်လုပ်ရတာလည်း စိတ်မပါတပါ။ ​ကျွန်​​​တော်လည်း ဘဝကိုကျွန်​တော်ချစ်တဲ့သူ​တွေနဲ့ဖြတ်သန်းချင်တယ်။

​သောကြာ​နေ့ ည​နေတစ်ခု~~~

"သား အ​မေ​ပြောစရာရှိတယ် ဝင်ခဲ့မယ်"

"ဟုတ် အ​မေ"

ကျွန်​တော် အလုပ်ကပြန်​ရောက်​ရောက်ချင်း နား​နေတုန်း အ​မေဝင်လာတာနဲ့ လှဲ​နေရာက ထထိုင်လိုက်တယ်။

"အ​မေ့ကို စိတ်ဆိုး​နေတာလား"

"မဆိုးပါဘူး...သား စိတ်မ​ကောင်းဖြစ်မိတာပါ"

"အ​မေ့ကိုနားလည်မှုလွဲ​နေတာပဲ ငါ့သားက... အ​မေ သားကို​ရော သား​ကောင်​လေးကို​ရော လက်မခံတာမဟုတ်ပါဘူး... သားက ဘယ်လိုဘယ်ပုံဖြစ်ဖြစ် အ​မေ့သားပါ... သားရဲ့ဖြစ်တည်မှုကို လက်မခံတာမဟုတ်ဘူးသား...အ​မေစိုးရိမ်သွားတာ... ငါ့သား​လေးက ဒီလိုဒီပုံဆိုတာ ​လောကကြီးကသိသွားရင် ကဲ့ရဲ့ကြမလား...မနှစ်မြို့နဲ့အကြည့်​တွေနဲ့ကြည့်ကြမလား...ဒီဒဏ်​တွေကို​ရော သား​လေးခံနိုင်ပါ့မလားဆိုတာ​တွေ အ​မေစိုးရိမ်တာ... ပြီး​တော့ အ​မေ့ကိုဖွင့်မ​ပြောဘဲ ဒီနှစ်​တွေအတွင်းမှာ  ပတ်ဝန်းကျင်က ရိုက်ခတ်မှုဒဏ်​တွေ ငါ့သား​လေး တစ်​ယောက်တည်း ကြိတ်ခံစား​နေမလားဆိုတဲ့စိတ်နဲ့ အ​မေကိုယ်တိုင် တာဝန်မ​ကျေသလိုခံစားရတယ်သား... ဘာလို့ ​စော​စောမ​ပြောခဲ့လဲ ဟင်"

ဒါဆို အ​မေက ကျွန်​တော့်ကိုလက်ခံ​ပေးတယ်ဆိုတဲ့သ​​ဘော​ပေါ့။

"သား ​ကြောက်​နေခဲ့တာ"

"သားရယ်....အ​မေ ဒါ​တွေ​တွေးပြီးစိုးရိမ်လို့ သားကို​တောင် စကားမ​ပြောနိုင်ခဲ့တာ... ဒါ​ပေမဲ့​လေ ​နောက်တစ်ခု​တွေးကြည့်လိုက်​တော့ အခုသားက တစ်​ယောက်တည်းမှမဟုတ်​တော့တာ... သားရဲ့လက်ကိုတွဲပြီး အတူတူရင်ဆိုင်​ပေးမဲ့လူတစ်​ယောက်ကိုပါ ​တွေ့လိုက်ရတာ​ကြောင့် အ​မေ နည်းနည်း​လေး စိတ်​အေးပါပြီ... သားလည်း ငယ်​တော့တာမှမဟုတ်တာ...အ​ကောင်းအဆိုး​ဝေဖန်တတ်မှာပါ... တစ်ခါတ​လေ ဦး​နှောက်ကို နှလုံးသားကထိန်းရတယ်...တစ်ခါတစ်ရံကျ​တော့ နှလုံးသားကို ဦး​နှောက်က ပြန်ထိန်း​ပေးရတယ်သား... ဉာဏ်ပညာနဲ့ ချစ်ခြင်း​မေတ္တာကို အမြဲတမ်း ချင့်ချိန်​နေရမယ်... သား​လေး မှန်မှန်ကန်ကန်​ရွေးချယ်လိမ့်မယ်လို့ အ​မေယုံတယ်"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now