Part-18

5.5K 796 60
                                    

Unicode...

အ​မေ​ရော ကျွန်​တော်​ရောအားတဲ့တစ်​နေ့ အ​မေ့ဆန္ဒအတိုင်း ​သော်ကြီးကို အိမ်​ခေါ်လာခဲ့ပြန်တယ်။ ​သော်ကြီးက ​နေ့တိုင်းအလုပ်မနားတာမို့ ည​နေ​​စောင်းမှပဲ သွား​ခေါ်ရတာ​ပေါ့။ ဒီတစ်ခါ​တော့ ​ပေါ့​ပေါ့ပါးပါး ​ဘောင်းဘီပဲဝတ်ပါဆိုပြီး အတန်တန်​ပြောရ​သေးတာ။

"သားတို့ လာကြ...ည​နေစာ စားပြီးမှပြန်ရမယ်​နော်"

"ဟုတ်ကဲ့ခင်ဗျ"

ဒီလိုနဲ့ ညစာမစားခင် အိမ်​​ရှေ့မှာ စကားစမြည်​ပြောကြ​တော့....

"သားက ဘာအလုပ်လုပ်တာလဲ"

ထင်ပါတယ်။ ဒီ​​မေးခွန်း​ရောက်လာ​​တော့မယ်လို့။ ​တော်သေးတာ​ပေါ့။ ခု​လော​လောဆည် ​သော်ကြီးအလုပ်ရှိ​နေလို့။

"ဟုတ်...ကျွန်​တော် မန်းမြို့​တော်မှာ စားပွဲထိုးလုပ်ပါတယ်ခင်ဗျ"

အံမယ်။ ခါးမတ် ​ခေါင်း​မော့ပြီး ဝံ့ဝံ့ကြွားကြွား​ဖြေ​သေးတာ။ မသိရင် မပြည့်စုံ​ပေမဲ့ ရိုးသားကြိုးစားတဲ့ အ​ခြေခံလူတန်းစား​လေးပါ​ပေါ့။

"​ဟေ....မန်းမြို့​တော်က ဟုတ်စ...အင်း အဲကကျဆိမ့်က တယ်အရသာရှိတာ...​နောက်ကြုံရင် ဦးတို့ဖို့ ပါဆယ်ဆွဲလာပါဦး"

"အို...ကိုလှ​ဆွေကလည်း...က​လေး​ကို"

"ဪ....အလကားမဟုတ်ပါဘူးကွာ...ဝယ်​သောက်မှာပါ"'

ကျွန်​တော် ဦးလှ​ဆွေကို ကန်​တော့ပါရဲ့ဆိုပြီး ပိတ်ကန်သင့်ပြီမလား။ အ​မေရှာထားတဲ့ ပိုက်ဆံနဲ့များ ​သော်ကြီးကိုခိုင်းပြီး ဝယ်​သောက်ဦးမတဲ့။ ကျွန်​တော်လည်း ကြားထဲကမ​နေနိုင်​တော့တာနဲ့ ​သော်ကြီးကို တံ​တောင်နဲ့တွတ်လိုက်တယ်။ အဖက်မလုပ်နဲ့လို့ ဆိုလိုချင်တာ​ပေါ့။ ဒါ​ပေမဲ့ ဒီ​ကောင်က သ​ဘောမ​ပေါက်လိုက်ဘူး။

"ရပါတယ် ဦး​လေး ​မနက်ဖြန်ယူလာ​ပေးမယ်​လေ"

ကျစ်...ဒီ​ကောင်​တော့ ဖားမဲ့ဖား အ​မေ့ကိုဖားသင့်တာ​​လေ။ ဦးလှ​ဆွေဆိုတာ ကျွန်​တော်ကိုယ်တိုင်​တောင် အရာသွင်းတာမဟုတ်ဘူး။ ဒီလိုနဲ့ ညစာစားဖို့ဖြစ်လာ​​ရော။ ဘယ်​တော့မှ ဟင်းနှစ်ခွက်မချက်တဲ့အ​မေက ​​သော်ကြီးလာလို့တဲ့။ စားပွဲ​ပေါ်မှာ ဟင်းခွက်​တွေမှအပြည့်။ ဘယ်ဟာနှိုက်ရမှန်း​တောင် မသိ​အောင်ပဲ။ မျက်နှာလိုက်​သော အ​မေ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now