Part-21

5.2K 731 74
                                    

Unicode...

"ဆရာ...​ရွှေဆိုင်က အမှုပိတ်လိုက်ပြီ​လေ...ဘာလို့ဖိုင်တွဲကိုဆက်ကြည့်​နေတာလဲ"

"သိတယ် ကိုယ့်လူ...ဒီ​ကောင်​တွေက ဟိုတစ်ခါ ရှိုးရွန်းနှစ်ခုက ဆိုင်ကယ်ခိုးတဲ့သူခိုး​တွေနဲ့ တူသလားလို့ ကြည့်ကြည့်​နေတာ...ကျွန်​တော့်အထင်တော့ အတူတူ​တွေပဲဗျ...ဒီ​ကောင်​တွေထဲမှာ နည်းပညာကျွမ်းကျင်တဲ့သူ တစ်​ယောက် ဒါမှမဟုတ် နှစ်​ယောက် ပါကိုပါမယ်... CCTV caseတိုင်းက တစ်​ထေရာတည်းပဲ...သော့ဖျက်တတ်တဲ့​ကောင်ပါမယ်... တံခါး​တွေအကုန် ရိုက်ချိုးဖြတ်ဝင်တာမျိုးမဟုတ်ဘဲ အလွယ်တကူပဲ ဖွင့်ဝင်ခဲ့တာ​တွေချည်းပဲ... makeup specialistတစ်​ယောက်ပါလိမ့်မယ်... ​ရွှေဆိုင်အမှုတုန်းက မျက်မြင်သက်​သေက ဘာဟူဘလီကို​တွေ့တယ်လို့ ထွက်ဆိုခဲ့တယ်မလား...အင်း...သူတို့အစီအစဉ်​တွေ စနစ်ကျဖို့ဆို ​ဦး​ဆောင်တဲ့သူ​တော့ရှိမှာပဲ... ဆို​တော့ ဒီ​ကောင်​တွေအဖွဲ့က အနည်းဆုံး ​လေး​ယောက်က​နေ ခုနစ်​​ယောက်အထိဖြစ်နိုင်တယ်... ဒီ​ကောင်​တွေ ဘယ်မှာ​နေကြတာဖြစ်မလဲ"

စားပွဲကို​ဘောပင်နဲ့ တ​တောက်​တောက်​ခေါက်လိုက် ဖိုင်တွဲကိုကြည့်လိုက်နဲ့ အလုပ်ကိုရှုပ်​နေ​ရော။ ကျုပ်သာဆို ဆရာ့လိုစဉ်းစားမ​နေဘူး။ ပြီး​တော့ ဒီ​ကောင်​တွေကို ဘယ်​တော့မှဖမ်းမိတာလဲ မဟုတ်ဘူး။

"ဆရာ...​Export Companyတစ်ခု အ​​ဖောက်ခံရလို့တဲ့...အခုသွားရမယ်"

"ဘာ!!"

** ဦးခွန်းမြတ်တာရာဦး​ဆောင်​တဲ့ ရဲတပ်ဖွဲ့ အ​ဖောက်ခံရတယ်ဆိုတဲ့ companyကို  ချက်ချင်းလိုက်သွားကြတယ်။ ဂို​ထောင်​ဖောက်ထွင်းခံရတာဖြစ်ပြီး ပစ္စည်းတန်ဖိုး​ရေ သိန်း၅၀​ကျော်ပါသွားတယ်လို့ တာဝန်ရှိသူ​တွေက​ ​ပြောကြ​တယ်။ **

ကျွန်​တော် ဂို​ထောင်ကို ​စေ့​စေ့စပ်စပ်လိုက်ကြည့်​ပြီး အရင်နှစ်မှုက အ​ကောင်​တွေပဲဆိုတာ ရိပ်မိခဲ့တယ်။ ​သော့ဖျက်ပုံ​တွေ၊ CCTV record​​တွေ၊ အ​စောင့်​​တွေ လှည့်ဖျားခံရပုံ​တွေ။ အားလုံးတစ်​ထေရာတည်းပဲ။ ဒီတစ်​ခေါက်အမှုက ပိုကြာတယ်။ အရင်က ဆိုင်ကယ်ရှိုးရွန်းအမှုရယ်၊ ​ရွှေဆိုင်ရယ်က နှစ်လ​လောက်ပဲကွာတယ်။ အခု ဒီတစ်ခါ အရင်အမှု​ပြီးတဲ့​နောက် ​ခြောက်လ​လောက်ကွာ​နေတယ်။ သူတို့လှုပ်ရှားပုံ​တွေက မူမမှန်ဘူးပဲ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now