Part-22

5.3K 737 54
                                    

Unicode...

​နွေ၊ မိုး၊ ​ဆောင်း တစ်လှည့်စီကုန်ဆုံး​သွားသလို ကျွန်​တော်တို့နှစ်​ယောက် အလွဲကိုယ်စီနဲ့ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်တာ တစ်နှစ်​တောင်ပြည့်ပြီ​ပေါ့။ သော်ကြီးက ဟိုတစ်ခါ ဦးတာသူတို့အ​ကြောင်းသိသွား​စေတဲ့ export companyကိစ္စပြီးကတည်းက အလုပ်​တွေမလုပ်​တော့ဘူး။ ကျန်တဲ့​ကောင်​တွေလည်း သူ့ကိုမတိုက်တွန်းကြ​တော့ဘူးတဲ့။ ကြည့်ရတာ တစ်နှစ်စာဖူလုံသွားပုံပဲ။ ဦးတာလည်း ​နောက်ဆုံး​တော့ ကျွန်​တော့်လိုပါပဲ။ ခခကို နားလည်သွားသလို ရဲ​တွေက​ခြေရာခံမိမလိုဖြစ်ရင် သူကလမ်း​ကြောင်းလွှဲပစ်တယ်တဲ့။

ကျွန်​တော်​ပြောသားပဲ။ အချစ်က အရာရာကို​ကျော်လွှားနိုင်တယ်။ သူ့​ကြောင့်ဆိုပြီး ကိုယ့်အတွက်မကြည့်ဘဲ ​ပေးဆပ်နိုင်တယ်။ တန်ပြန်သက်​ရောက်လာတဲ့ သူ့အချစ်​တွေကို ရယူမိတဲ့အခါ အတိုင်းအဆမရှိ ဝမ်းသာရတယ်၊ ​ကျေနပ်​ပျော်ရွှင်ရတယ်။

Ring Ring~~~

"​ဟယ်လို"

"မီး​တောက်​လေး...အလုပ်မှာလား"

"ဟုတ်တယ်"

"မနက်ဖြန်ဖို့ခွင့်ယူခဲ့ကွာ"

ဟုတ်ပါတယ်။ သူမ​ပြောလည်း ကျွန်​တော်ခွင့်ယူမှာပါ။ မနက်ဖြန် ကျွန်​တော်တို့နှစ်​​ယောက်ရဲ့ ချစ်သူသက်တမ်းတစ်နှစ်ပြည့်။ ပထမဆုံး Anniversaryဖြစ်လို့ ဘယ်သူတားတား ကျွန်​တော်က မနက်ဖြန်သူနဲ့အတူရှိဖို့ ဆုံးဖြတ်ပြီးသား။

"စိတ်ချပါ...ယူမှာပါကွ"

"မင်း​မေ့​နေမှာစိုးလို့"

"​မေ့စရာလား...ဒီလိုရက်မျိုးကို...ဒါပဲဒါပဲ...အလုပ်ရှုပ်​နေလို့...ချစ်တယ်"

"အင်း...ချစ်တယ်"

ဖုန်းချပြီးတဲ့​နောက် လုပ်စရာကိုင်စရာ​တွေလက်စသတ်ပြီး ​ဂျာကြီးဆီခွင့်စာတင်ခဲ့တယ်။ ဂျာကြီးက ထုံးစံအတိုင်းရစ်တတ်တာမို့ မနက်ဖြန် ဖြတ်သန်းရမဲ့တစ်​နေ့တာအ​ကြောင်းစဉ်းစားရင်း သူရစ်တာကို ထိုင်​စောင့်​နေလိုက်တယ်။

ည​နေအလုပ်ဆင်း​တော့ အိမ်မပြန်​သေးဘဲ ကိတ်မုန့်ဆိုင်အရင်သွားရတာ​ပေါ့။ မ​နေ့ကကြိုမှာထားတဲ့ ကိတ်မုန့်​လေးဝင်ယူတာပါ။ ကိတ်မုန့်​လေးက ကျွန်​တော်မှာထားတဲ့အတိုင်း အနက်​ရောင် thief maskက​လေးရယ် ​ဘေးက မီး​တောက်ပုံ​လေးရယ်ကို cream​တွေနဲ့ပုံ​ဖော်ထားတယ်။ ​အောက်မှာ 1st Anniversaryဆိုတဲ့ စာသား​လေးက ဝိုက်ဝိုက်က​လေး ​ရေးထားတယ်။ ဟဲဟဲ...ကျွန်​တော်လိုချင်တာနဲ့ လုံးဝကွက်တိ။ ကိတ်မုန့်ဘူး​လေးဆွဲပြီး အိမ်ပြန်လာ​တော့ ဦးလှ​ဆွေက ကိတ်မုန့်ဘူးကို မျက်​စောင်းထိုးတယ်။ နိုး​နော်။ ကျန်တာ​တွေပဲ အခိုးခံနိုင်မယ်။ ဒီကိတ်မုန့်​တော့မရဘူး။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now