Part-24

5.2K 749 107
                                    

Unicode...

Note : အားလုံးပဲ...ကမ္ဘာ့အပြင်ဘက် သီချင်းကိုသိမယ်ထင်တယ်။ ​မောင်သွားရာ ဖဝါးထပ်မျှလိုက်မယ်ယုံ...အဲဒါ​လေး​လေ။ မသိရင် ဒါ​လေးအရင်နား​ထောင်ပြီးမှ ဆက်ဖတ်ပါ​နော်😗

......................................................

မင်္ဂလာအချိန် ကျ​ရောက်လာပြီဖြစ်ပါတယ်။

မင်္ဂလာသတို့သား​မောင်နှံနှစ်ဦး မာမီမိုးတို့အဖွဲ့လက်ရာနဲ့ မြန်မာဆန်ဆန် ​မောင့်ကျက်သ​ရေ​ခေါင်း​ပေါင်းကို​ဆောင်း၊ တိုက်ပုံအဖြူကိုဝတ်၊ ​အိတ်​ထောင်မှာ ပန်းခက်ဖြူ​လေးကိုယ်စီထိုးလို့ တောင်ရှည်မီးခိုး​ရောင်​၊ ​ဘော်ကြယ်ကပ်ကတ္တီပါဖိနပ်အမည်း​ရောင် စသည် စသည် ကျက်သ​ရေမင်္ဂလာအ​ပေါင်း ပြည့်စုံခ​ညောင်းစွာ ​ရွှေလက်တွဲလျက် မင်္ဂလာခန်းမထဲ လှမ်းခဲ့ကြပါတယ်။

ပန်းကြဲတဲ့မိန်းက​လေးဟာလည်း ပန်း​ရောင်ရင်ဖုံး ချိတ်ထဘီဝမ်းဆက်နဲ့ ​ဒေါက်ဖိနပ်ပန်းဆီ​ရောင်​လေးစီးလို့ ​မောင်နှံနှစ်ဦးကို ဦး​ဆောင်ပြီး ​ရှေ့ဆုံးက​နေ ကြွကြွရွရွ​လျှောက်လာပါတယ်။ မင်္ဂလာ​မောင်နှံနှစ်ဦး​နောက်မှာ​တော့ သတို့သားအရံများအဖြစ် ခွန်းမြတ်တာရာနဲ့ သုခ​အောင်တို့ကို တိုက်ပုံအဖြူ၊ ​တောင်ရှည်အညို​ရောင်များနဲ့ မင်္ဂလာ​မောင်နှံနဲ့အပြိုင် ​တောက်ပြောင်​​နေတာကို ​တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဒီ့​နောက်မှာ​တော့ ​တေ​ဇောရာဇရဲ့မိဘများဖြစ်​သော ဦးလှ​ဆွေနဲ့ ​​​ဒေါ်မြတ်မြတ်လှိုင်တို့ကလည်း သတို့သားရဲ့မိဘများအဖြစ် ပြိုင်စံရှားအပြင်အဆင်များနဲ့ ဂုဏ်ယူဝံ့ကြွားစွာ လိုက်ပါလျက်ရှိပါတယ်။ အဲ...သူ့မိဘ​တွေကိုမိတ်ဆက်တဲ့​နေရာမှာ ဦးလှ​ဆွေဆို​တော့ ​တေ​ဇောဟာ အခမ်းအနားမှူးကို ဗီဒီယိုရိုက်​နေတဲ့ကြားက သမင်မျက်​စောင်းလှမ်းထိုးပါ​သေးတယ်။

မိဘများ​နောက်မှာ​​တော့ ဘုန်း​သော်ဇင်ရဲ့ ​​သွေး​သောက်ညီ​​နောင်များက ပွဲရဲ့ပုံရိပ် မညှိုးနွမ်းရ​လေ​အောင် ​တိုက်ပုံကိုယ်စီ၊ ​မြို့ဂုဏ်​ရောင်က ချည်ပုဆိုးကိုယ်စီနဲ့ ​တောက်​​ပြောင်လျက်ရှိကြပါတယ်။ ကြွ​ရောက်အား​ပေးကြ​သော မိတ်သင်္ဂဟအ​ပေါင်းကလည်း မင်္ဂလာ​မောင်နှံကိုတစ်လှည့်ကြည့်လိုက်၊ ​ရေခဲမုန့်တစ်ဇွန်းစားလိုက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှပါ​​ပေ့။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now