Part-26

4.9K 704 64
                                    

Unicode...

⚠️This part might contain MATURE CONTENT⚠️

"ခခ​လေး"

အလို...​သော်​သော်က ငါ့ကိုခခလို့​ခေါ်လိုက်တာလား။ တစ်သက်လုံးမှာ တစ်ခါမှမကြားဖူးတာမို့ တစ်ခုခုဆိုတာ​ သိလိုက်တယ်ရယ်။

"ဟီး...ခခ​လေးလို့"

"ဘာလဲ...ဘာလဲ"

"ဦးတာဆီက လက်ထိပ်​​လေးနှစ်ခု​လောက် ငှား​ပေးပါလား...တစ်ရက်တည်းပါ...​နောက်ရက်ပြန်​ပေးမယ်"

"အမ်...လက်ထိပ်က ဘာလုပ်ဖို့တုံး"

"ငါတို့ မင်္ဂလာဦးညအ​​ခြေအ​နေကို မင်းသိပါတယ်...ဆို​တော့ ဒီည​တော့ အဟမ်း သိပြီလား"

"ဝါး...ငါ့တို့​သော်​သော်ကမိုက်လိုက်တာ...ငါလည်း မင်းကိုအ​ပေါ်မှာ​နေ​စေချင်တာ ဟီးဟီး...ဟုတ်ပြီဟုတ်ပြီ စိတ်ချ...နှစ်ခုဆို​​လောက်လား"

"​အေးရတယ်...​တေ​ဇောမသိ​အောင်သာ ဦးတာဆီကငှား​ပေး"

ခခ လက်ညှိုးနဲ့လက်မသုံးပြီး ok signလုပ်ပြလိုက်တယ်။ ​သော်​​သော့်ကိုဦး​ဆောင်​စေချင်တာ​တော့ အမှန်ပဲ။

ဦးဆီဖုန်းဆက်ဦးမှ...

.........................

ဒီ​ကောင် မကြံဘူးဆိုရင်​တောင် တစ်ခုခု​တော့ကြံ​နေမှာပဲ။ ​ဟို​ကောင်​တွေကလည်း ဒီ​ကောင့်ဘက်ကပါမှာ အ​သေအချာပဲ။ ကြိုတင်ကာကွယ်ရမယ်။ ငါမဦး​​ဆောင်ရ​သ​ရွေ့ ဒီကိစ္စကို ဘယ်​တော့မှမလုပ်ဘူး။ ဒီ​နေ့တစ်​နေကုန် အစစအရာရာ သတိထားတယ်။ ထမင်းစားတာကအစ။ အိပ်​ဆေးခပ်ထားရင် ဘယ့်နှယ့်လုပ်။ သူ့ကိုအရင်စားခိုင်းပြီးမှ ကျွန်​တော်စားတယ်။ ညစာကို အထူးသဖြင့် ဂရုစိုက်ရတာ​​ပေါ့။

10:00 PM...

အခုထိ​တော့ အိပ်ချင်စိတ်မဖြစ်​သေးဘူး။ ဒါဆိုဘာမှလုပ်မထားဘူးထင်တယ်။ ​သော်ကြီးက​တော့ ​အောက်ထပ်မှာ အ​ကောင်​တွေနဲ့​ဘောလုံးပွဲကြည့်​နေတယ်။ ကျွန်​တော်လည်း ဂိမ်း​ဆော့​နေလိုက်တယ်။ ခဏကြာ​တော့ ဗိုက်ဆာလာ​ရော။ ​အောက်ဆင်းကြည့်မိ​တော့ သင်းတို့ကကြည့်​ကောင်းတုန်း။ မီးဖို​ချောင်ထဲမယ် ဘာမှလည်းမရှိ​တော့။ အဲ....နွားနို့အိုးကြီး​တော့ရှိတယ်။ အိုးလိုက်ကြီး​တော့ ​ဆေးခတ်မထား​လောက်ပါဘူး​နော့်။ ဒါနဲ့ကျွန်​တော်လည်း ခွက်ဆွဲပြီး အ​ပေါ်ပြန်တက်ခဲ့တယ်။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now