Part-29

4.6K 666 48
                                    

Unicode...

"​တေ​​ဇောရာ...တစ်မှု​ပေါ်တစ်မှုဆင့်​နေပါဦးမယ်...မင်းအ​ဖေဆိုလည်း ​ချေးလိုက်​ပါကွာ...ငါတို့ပြန်ဆပ်ပါ့မယ်" (သော်ကြီး)

"ဟုတ်ပါတယ် ​သော်​သော့်လင်ရယ်...ငါတို့မခိုး​တော့ဘူးဆိုမှ မင်းက ဘာထဖြစ်ရတာတုံး"

"ဒါနဲ့ မင်းအ​ဖေက အဲ​​လောက်ချမ်းသာလား" (ငထွန်း)

"ဟက်...​မေးတတ်တယ်...ချမ်းသာတယ်...ပြီး​တော့ အ​ဖေက မင်းတို့လိုပဲ...သူခိုး​လေ"

"ဟမ် ဘယ်လို" (မြတ်သူ)

"ဟုတ်တယ် သူကမင်းတို့လို တရားမဝင်ခိုးတာမဟုတ်ဘူး...ဥပ​ဒေ​ဘောင်ထဲက​နေခိုးတာ...အဲဒါ​ကြောင့် အ​မေနဲ့အကြီးအကျယ်ပြဿနာတက်ပြီး ကွဲကြတာပဲ"

ကျွန်​တော့်​ဖြေရှင်းချက်ကို နားမလည်သလို မျက်လုံး​ပေကလပ် ​ပေကပလပ်နဲ့ ကြည့်​နေကြတာများ မုန့်လင်မယားဂိုဏ်းကြီး​ရော ဟုတ်ကြရဲ့လား​နော်။

"အဟမ်း...ဒီလိုကွာ...ငါ့အ​ဖေက သစ်​တောဦးစီးဌာနက အရာရှိ အခု​မေမြို့မှာ​ သူ့အိမ်​​ထောင်အသစ်နဲ့နေတယ်...အ​​​ဖေ့လစာက တကယ်​တော့ တင့်တင့်တယ်တယ်​နေနိုင်ရုံပဲရတာ...ဒါ​ပေမဲ့ တစ်လတစ်လ အ​ဖေ့ဝင်​ငွေက မင်းတို့ဆယ်ခါခိုးစာ​လောက်ရှိတယ်... ဒီ​ငွေတွေက ဘယ်ကလာမယ်ထင်လဲ...မင်းတို့စဉ်းစားကြည့်​​ပေါ့ကွာ...တစ်​နေ့တစ်​နေ့ အိမ်ကိုမုန့်ပုံး​တွေနဲ့​ရောက်လာကြတဲ့ အ​ဖေ့တပည့်တပန်း​တွေကလည်း အများသား... ဒါ​ကြောင့် အ​မေက သည်းမခံနိုင်​တော့တဲ့အဆုံး ကွာရှင်းတာပဲ...ဒါ​ကြောင့် ငါ့အ​ဖေပိုက်ဆံ​တွေကို ​​တောင်းလည်းမ​တောင်းချင်ဘူး...​ချေးလည်း ပြန်မဆပ်ချင်ဘူး...အဲ​​​တော့ တစ်နည်းပဲရှိတယ်...ငါ့အ​ဖေကို ပညာ​ပေးပြီးသားလည်း ဖြစ်တာ​ပေါ့ ဟားဟား"

** သုခက ငထွန်းကို တိုးတိုးကပ်​ပြောတယ်။ **

"သူခိုးကိုလင်​တော်ထားပြီး ကြီးကြီးကျယ်ကျယ်​တွေ တအား​ပြောတာ​​နော်...ပညာ​တောင်​ပေးဦးမယ်တဲ့"

"​​ဟေ့​ကောင် သုခ ငါအကုန်ကြားတယ်...သူခိုးဆို​ပေမဲ့ မတူဘူးကွ...ငါ့အ​ဖေက မလှိမ့်တပတ်နဲ့ သူများ​ချွေးနှဲစာလည်းမချန် လှိမ့်ခိုးတာ...ငါ့လင်က သူများဟာ​တွေကို ပိစိ​လေးပဲ ခိုးတာ ​​နော့် သူခိုးစုတ်"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now