Part-30

4.6K 631 41
                                    

Unicode...

ဦးထွဋ်တင်ရဲ့အိမ် နံနက်စာဝိုင်း~~~

"သားတို့...အ​ဖေလိုက်မပို့နိုင်တာ​​​​တော့ စိတ်မ​ကောင်းဘူး...အ​ဖေလည်းအလုပ်နဲ့..သားငယ်လည်း ​ကျောင်းတစ်ဖက်နဲ့ဆို​​တော့ သားတို့ဘာသာ ​အေး​ဆေးလည်ကြ​ပေါ့"

"ရပါတယ် အ​ဖေ...မဟုတ်လည်း ကျွန်​တော်လမ်း​တွေသိတယ်ရယ်"

"​အေးပါ​အေးပါ"

ဒါနဲ့ပဲကျွန်​​တော်တို့ မနက်ခင်း​ ​လျှောက်လည်လိုက်​သေးတယ်။ လည်တယ်ဆိုတာထက် ဝိုင်​ကောင်း​ကောင်း​တွေ လိုက်ရှာတာ​ပေါ့။ ဟို​ကောင်​တွေမလာခင် ကြိုရှာထားရတာ။ သူတို့ကိုတိုက်ဖို့​တော့မဟုတ်ဘူး။ သူတို့မလာခင်  သော်ကြီးနဲ့နှစ်​​ယောက်တည်း ဝိုင်​လေး​သောက်လိုက် ရုပ်ရှင်​လေးကြည့်လိုက်လုပ်မလို့ ဟဲဟဲ။ မင်္ဂလာ​ဆောင်တုန်းက ဟန်းနီးမွန်းမထွက်ရ​​တော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ဗျာ။ 

​နေ့ခင်းဘက် ကျွန်​တော်တို့တည်းတဲ့အိမ်ဆီ ဝိုင်ပုလင်း​တွေသွားထားပြီး ရုပ်ကိုအတတ်နိုင်ဆုံးဖြူဖတ်ဖြူ​​ရော်ဖြစ်​​အောင် ခခဆီက အနည်းအကျဉ်းတတ်ထားတဲ့ပညာ​လေးနဲ့ လက်တည့်စမ်းလိုက်တယ်။ ပြီး​တော့ အ​ဖေ့အိမ်ကိုထပ်သွား​ရော။ အိမ်မှာ ​​ဒေါ်မာလာတစ်​ယောက်ပဲ ရှိ​နေတဲ့အချိန်​ပေါ့။

"ဟယ် သားတို့ ဘာဖြစ်လာတာလဲ"

"ဟို ​တေ​ဇောက ​နေပူလို့ထင်တယ်...​ခေါင်း​တွေမူးလာလို့တဲ့...ဟိုဘက်အိမ်က​​ဝေးတာနဲ့ မပြန်နိုင်​တော့လို့ ဒီကိုဝင်လာခဲ့တာ...အန်တီ စိတ်မရှိပါနဲ့​နော်"

"ရပါတယ်...အ​​ပေါ်ထပ်မှာ သား​လေးအခန်းရှိတယ်...အဲထဲမှာ ခဏသွားနားလိုက်သွား...မိကျုတ်​​ရေ...သံပုရာ​ရည်​လေး​ဖျော်​ပေးလိုက်ပါဦး"

** ဒီလိုနဲ့ ​တေ​ဇောတစ်​ယောက် တယိမ်းတယိုင် ​​ဟန်​​ဆောင်မူယာပိုလို့ သော်ကြီးကိုတွဲပြီး အ​ပေါ်ထပ်တက်ခဲ့လိုက်တယ်။ နောက် ​သော်ကြီးက​တော့ ​​အောက်ထပ်ပြန်​ဆင်းပြီး အစီအစဉ်အတိုင်း ​ဒေါ်မာလာနဲ့ အရွှန်း​​​ဖောက်ကြတယ်။ **

မိကျုတ်ဆိုလား...သူလာပို့တဲ့သံပုရာရည်​လေး​သောက်ပြီး ဟို​ကောင်အရက်တံဆိပ်အခန်းထဲ ​လျှောက်ကြည့်​သေးတယ်။ အချိန်ယူရမယ်​လေ။ ​သော်ကြီးက ​အောက်ထပ်မှာအို​ကေပြီဆိုမှ အ​ဖေ့အခန်းဖြစ်တဲ့​အောက်ထပ်ခန်းကို ​ကြောင်​ခြေသံနဲ့သွားရမှာ။

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now