Blind Date -part 16 Zawgyi

197 17 5
                                    

ဒီနေ့မနက် JeongWoo နဲ့ JaeHyuk ခလေးတွေကို
ကျောင်းအရှေ့မှာ စာသင်ပေးနေသည်
စာဆိုပေမယ့်  ခလေးများမျက်စိမမြင်ရပေမယ့်
လမ်းမှန်ကိုသိမြင်နိုင်အောင် အသိပညာပေးနေသည်ဆိုပိုမှန်မည်

"ခလေးတို့ရဲ့ဘဝရည်မှန်းချက် ရည်ရွယ်ချက်ဆိုတာဘာလည်းသိကြလား"

"မသိပါပူး."

"အဲ့ဒါဆို....ဦးဦး JeongWooကပြောပြပေးလိမ့်မယ်"

"ဪ..ဪ..တော်တော်ပင်ပန်းနေအုံးမယ် Hyung ရေလေးသောက်လိုက်အုံး"

"ကဲပါ..ခလေးတွေကမင်းအသံလေးကိုကြိုက်ကြတယ်လေကွာ
ငါကပိုထိရောက်အောင်ပြောခိုင်းတာပါ"

"ဥိးဦး JeongWoo ကသီချင်းဆိုတတ်လားဟင်"

ရှေ့မှာထိုင်နေကြတဲ့မျက်မမြင်ကလေးများထဲမှ
ခလေးတစ်ယောက်ကမေးလိုက်ခြင်းဖြစ်သည်

"အာ...နည်းနည်းပါ"

"ကျွန်တော်တို့ နားထောင်ချင်တယ် ဦးဦးအသံကအရမ်းကောင်းတယ်"

"ဟုတ်တယ် ခလေးတို့ ဦးဦး JaeHyuk လည်းနားထောင်ချင်တယ် ဟီးး"

JaeHyuk ကပါခလေးများနှင့်အတူ JeongWoo ကိုမြောက်ပေးနေသည်

"အခုသီချင်းဆိုပြရင် Hyung ညနေ ခလေးတွေကိုတာဝန်ယူ
ကျွန်တော် အပြင်သွယးစရာရှိလို့ ဟီးး"

"အဟမ်း...သီချင်းလေးတစ်ပုဒ်ကိုများနော်"

JaeHyuk မျက်စောင်းထိုးပြီးပြောလာတာကြောင့်
JeongWoo ရီပြကာ ထသွားသည်

"ဒါဘယ်လည်း."

"ဂစ်တာသွားယူမလို့လေ ဘယ်လိုဖြစ်နေတာလည်း"

ဤသည်ကိုအသံမပေးပဲရပ်ကြည့်ပြီးပြုံးနေသော Ruto
ခြံအပေါက်ဝဘက်မှာမို့သူ့ကိုဘယ်သူမှမမြင်ကြ

"ဦးဦး စဆိုတော့မယ်နော်.... "

"နဲ......"

" Everybody love the things you do.....
............It was just like a movie.. Just like a song... Hmmm. Just like a song "

"Wow........ဦးဦးJeongWoo ကအသံကောင်းလိုက်တာ."

"ခလေးတို့ရဲ့ဦးဦးလေ ဒီလောက်တော့ရှိမှာပေါ့"

"ဦးဦးရဲ့ကောင်လေးလေ ဒီလောက်တော့ရှိမှာပေါ့"

"ဟာ...Ruto ဘယ်တုန်းကရောက်နေတာလည်း"

Blind Date {Completed}💙Where stories live. Discover now