Blind Date -part 2

648 73 15
                                    

Unicode

JeongWoo တစ်ယောက်သူ့နာမည်မိတ်ဆက်ရတာ တဂယ့်Sele ကြီးတစ်ယောက်ကိုမိတ်ဆက်နေရသလို အသံကတုန်နေသေးသည်

Haruto  မျက်မမြင်ဖြစ်ပြီးထဲက အဖေနဲ့အမေကလွှဲရင်ဘယ်သူနဲ့မှစကားမပြောတော့ပါ
ဒါပေမဲ့ ဒီအသံကိုသူသေချာကြားပြီးနောက်
**JeongWoo? **တဲ့လား

**ခနအကြာကိုယ့်ကိုယ်ကိုယ်သတိထားမိိပြီးနောက်
သူစိမ်းစကားပြောတာကိုငြိမ်ပြီးနားထောင်ရတာက
Haruto ပုံစံမဟုပူးလေ **

"ငါ့အိမ်ထဲဘာလာလုပ်တာလည်း"

"ကျနော်က အိမ်အကူလုပ်မလို့လာတာပါ"

JeongWoo တစ်ယောက် သူ့ကိုစောင့်ရှောက်ဖို့လို့ပြောလိုက်ရင်

Haruto ချက်ချင်းငြင်းမှာ သူသိတယ်
ဒါကြောင့်အိမ်အကူပါလို့ပြောလိုက်တော့ သူဘာမှမတတ်နိုင်တော့ပူးမလား

"အာ့တာဆိုလည်းအလုပ်သွားလုပ်ပါလား ဘာလို့ငါ့ကိုလာမိတ်ဆက်နေတာလည်း ငါမသိချင်ပူး"

ဒါကေတာ့ Haruto လိမ်လိုက်တာပါ အသံလေးသဲ့သဲ့ကြားထဲက
သူနာမည်လောက်တော့သိချင်တယ်မဟုတ်လား

"ဟုတ်ကဲ့ခင်ဗျ " ဆိုပြီး ဝှီးချဲလေးကို ခြံအရှေ့ဘက်သို့တွန်းပြီး
JeongWoo လျှောက်လာသည်

"အေမလား?"
"ကျနော်ပါ ဟိုနားလေးကလေကောင်းလေသန့်ပိုရမယ်ထင်လို့လေ"
"မင်းကအိမ်အကူလား ငါ့ဆရာလား"

Haruto မယုံသင်္ကာအသံဖြင့်မေးလိုက်သည်
မေးလည်းမေးချုင်စရာလေ ဘယ်အိမ်ပေါ်အကူက သူ့နာမည်ကိုသွားမိတ်ဆက်မှာတုန်း

"ကျနော်ကအကူဆိုပေမယ့် ခင်ဗျားထက်1နှစ်လောက်ငယ်တယ်လေ အာ့တော့ အိမ်အလုပ်တွေလုပ်ရင်း စကားပြောတော့အဖော်ရတာပေါ့
ကျနော်ကပျော်တတ်ပါတယ် ဟီးးး"

"မင်းငါ့သူငယ်ချင်းဟုတ်ပဲနဲ့ဘယ်သူကအဖော်လည်း ငါပြန်ဝင်မယ်
ပြန်တွန်းပို့ပေး"

"အံမယ်  မခိုင်းပူးအဖော်မဟုတ်ပူးဆို ကျနော့်ကိုဘာလု့ိပြန်တွန်းပို့ခိုင်းနေသေးလည်း  ကျနော်ကအိမ်အလုပ်လုပ်ရမှာမလား"

"အာ့တာဆိုလည်းမပို့နက်လေ အေမေရ..."

"အာ စတာပါဗ်ား ကျနော်ကအိမ်ပေါ်အထိရောက်အောင်ကူညီပေးပါ့မယ်ဗျာ"

Blind Date {Completed}💙Where stories live. Discover now