Blind Date -part 8

428 60 10
                                    

"Ruto နဲ့ JeongWoo လက်ကိုင်ထားရင် ငြိမ်သက်နေကြတာကြာလာပီမို့ JeongWoo ကစကားစပြောလိုက်သည်

" Ruto အပြင်မှာကြာလာပြီလေ အေးတယ် လာအထဲဝင်တော့နော် "

"ဒီလက်ကိုလွှတ်လိုက်ရမှာလား"

"အင်းပေါ့"

"အာ့တာဆိုတစ်ညလုံးအေးပါစေမဝင်ပူး"

"Ruto yaaaaa "

Ruto တစ်ယောက်တော့ရစ်နေပြန်ပါပြီ

"အာ့တာဆိုလည်းမလွှတ်နဲ့လာခဲ့ ဝင်မယ်"

အာ့လိုပြောတာ့မှ Ruto JeongWoo လက်ကိုမလွှတ်ဘဲ
အခန်းထဲပြန်ဝင်ကြသည်
အခန်းထဲရောက်လို့ကုတင်ပေါ်ရောက်သည်ထ်ိ JeongWoo လက်ကိုတဂယ်မလွှတ်သေးပါ

"Ruto ငါဟိုဘက်လှည့်ချင်တယ်လေ "

"လှည့်လေ"

"ငါလှည့်ရင်....."

JeongWoo ဆက်မပြောတတ်တော့ပါ
သူလှည့်လိုက်ရင် Ruto ကလက်ကိုင်ထားတာကြောင့်
သူ့ကိုနောက်ကနေသိုင်းဖက်ထားသလိုဖြစ်နေမည်လေ

JeongWooစိတ်ထဲတွင်တော့

**Ruto မျက်စိမမြင်တုန်းတော့ခင်ဗျားအလှည့်ပေါ့**

JeongWoo လက်ကိုင်ပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Ruto ကတော့အိပ်မက်လှလှမက်နေသည်ထင်ပါရဲ့

JeongWoo Ruto အိပ်ပျော်နေပြီဆိုပြီး လက်ကိုအသာလေးဖယ်ထုတ်ရန်လုပ်လိုက်စဉ်

"ငြိမ်ငြိမ်နေ"

** Oh my god **
JeongWoo စိတ်ထဲကဘုရားတမိလိုက်သည်
Ruto တော်တော်အစွဲကြီးတာပဲရော်

တစ်ဘက်တွင်တော့ Ruto နားကပ်ခွင့်မရလို့
ဒေါသသပုန်ပေါက်ကွဲနေသော Yuri

"ဒီအစုတ်ပလုတ်ကောင်ရှိနေလို့ပဲ ငါသူ့ဘေးမကပ်နိုင်တာသူ့ကြောင့်"

အခန်းထဲတွင်တစ်ယောက်ထဲရေရွတ်ပြိးဒေါသကထွက်နေသေးသည်

At morning

Yuri တစ်ယောက် Ruto ကို ဘယ်လိုကပ်ရမလည်းနည်းလမ်းပေါင်းစုံစဉ်းစားနေသည်
**ငါသူ့ကိုမနက်စာသွားပို့ပေးရမယ် ဟုတ်တယ်**

JeongWoo နိုးလာတော့ Ruto မနိုးသေးတာမို့ JeongWoo ကိုယ်လက်သန့်စင်ပြီး Ruto ကိုမနက်စာပြင်ပေးရန်အခန်းထဲကထွက်လာသည်

Blind Date {Completed}💙Where stories live. Discover now