Blind Date -part 1

1.3K 93 9
                                    

Unicode

"အားးးးးးး အေမ့ "

"သား သား ဘာဖြစ်လို့လည်း "

"သားမျက်လုံး အားးး "

"ဟာ သွေးတွေ ဆေးရုံမြန်မြန်သွားမှဖြစ်မယ် သား "

Haruto တစ်ယောက် အမေ့ကိုကူညီရင်း ရေခဲသေတ္တာဓါတ်အားပေးလိုင်း ခေတ္တပျက်တောက်သွားလို့
ပြင်ဖို့ကြည့်ရင်း ဓါတ်အားပေးလိုင်းပေါက်ကွဲပြီး မျက်စိနှစ်ဖက်ထိခိုက်သွားခြင်းပင်

Haruto တို့ မိသားစုကဂျပန်ဇာတိပေမယ့် Korea နိုင်ငံမှာပဲအခြေချပြီးစီးပွါးရေးလုပ်နေခြင်းဖြစ်သည်
ချမ်းသာပေမယ့် အိမ်အလုပ်တွေနဲ့ အချက်အပြုတ်ကိစ္စကို Ruto အမေကိုယ်တိုင်ပဲဆောင်ရွက်သည်
Ruto အဖေကစီးပွါးရေးပဲအာရုံစိုက်လွန်းတာကြောင့် တစ်ခါတစ်လေ ကုမ္ပဏီမှာတောင် အိပ်သည်အထိ
Ruto ကကျောင်းပြီးခါစ အလုပ်မဝင်သေးပဲအဖေ့ကိုတော့ တစ်ခါတစ်ခါကူညီပေးသည်

အခုလည်း အိမ်မှာအမေနဲ့ ညနေစာအတွက်ပြင်ဆင်နေတုန်း
ရေခဲသေတ္တာဓါတ်အားပေးလိုင်းပေါက်ကွဲမှုကြောင့်် မျက်စိထိခိုက်မိထားခြင်းဖြစ်သည်

Haruto ခွဲစိတ်ခန်းဝင်တာ 3နာရီခန့်လောက်ကြာပြီးနောက် ခွဲစိတ်ဆရာဝန်များထွက်လာသည်

"ဆရာ ကျမတို့သားလေးအဆင်ပြေရဲ့လားဆရာ"

"လူနာကအဆင်ပြေပေမယ့် မျက်လုံးနှစ်ဖက်လုံး ခွဲစိတ်ထားရတယ် ကံကောင်းရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်ပေမယ့် ကံမကောင်းရင် မျက်လုံးကွယ်သွားနိုင်တယ် "

"ရှင်..."

Haruto တစ်ယောက် ကုတင်ပေါ်မှာ မေ့ဆေးအရှိန်နဲ့ပါအိပ်ပျော်နေလိုက်တာ ည 9:00 လောက်မှသတိရလာသည်

"အားး ကျွတ်ကျွတ် အာ အေမ.."

"သား အဆင်ပြေလား သား အရမ်းမလှုပ်ရှားနဲ့နော်"

"အေမ သားမျက်လုံးက အရမ်းနာနေတယ်အမေ..
ဆရာဝန်ကဘာပြောလည်းဟင် "

"သားပတ်တီးဖြည်တဲ့နေ့မှ အတည်ပြုလို့ရမှာသားရဲ့"

"တဂယ်လို့သာသား မျက်မမြင်ဖြစ်သွားရင်"

Blind Date {Completed}💙Where stories live. Discover now