Blind Date _the end uni

560 55 2
                                    

JeongWoo ဒီနေ့နဲ့ဆို ဂျပန်မှာ နေလာတာ 3 လပြည့်ခဲ့ပြီ
ဖြစ်မလာမှန်းသိပေမယ့် Ruto ကိုသူမျှော်နေမိသည်
အိမ်ကိုည်းလုံးဝအဆက်အသွယ်မလုပ်ဖြစ်တော့
ဒီတစ်ကြိမ်Ruto နဲ့တွေ့ရင်တော့ သူRutoနှင့်သာအတူနေရန်ဆုံးဖြတ်ချက်ချပြီးသား
Ruto သူ့ကိုသစ္စာရှိရှိနှင့် စောင့်နေမည်ဟုသူယုံကြည်ထားသည်
ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့တစ်ခုထဲသောမျှော်လင့်ချက်ရောင်ခြည်လေးကိုတော့ စွဲ​မြဲစွာယုံကြည်ထားသည်

သူထွက်လာထဲက Ruto ကိုနောက်ဆုံးမြင်ခဲ့ရတာ
ကုတင်ပေါ်မှာအိပ်မောကျနေတုန်းမို့ ခေါ်မနှိုးချင်တာနဲ့ အိမ်ခနပြန်လာလိုက်တာ မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေက သူ့ကိုအံအားသင့်စေသလို စိတ်ဓာတ်လည်းကျစေခဲ့ပါတယ်
ဒါပေမယ့် သူမျှော်လင့်နေသေးသည်

သူတစ်ပါးနိုင်ငံမှာပြောဆိုဆက်ဆံရတာအခက်အခဲ​ဖြစ်ပေမယ့်
အဆင်ပြေသလိုကြည့်နေလာတာ အခုဆိုအတော်တောင်နေသားကျနေပြီ
Online food deli လုပ်ပြီး ဆိုင်ရှင်က ဆိုင်ခန်းမှာပဲနေခွင့်​​ပြုတာကြောင့် အဆိုးထဲကအကောင်းဟုဆိုရမလားပင်

"JeongWoo... ရေ..."

"လာပါပြီ "

စိတ်ထဲအတွေးနယ်ချဲ့နေတုန်း ဆိုင်ရှင်ခေါ်သံကြောင့်.
အတွေးတို့ကိုလက်စသတ်ကာ
ရောမရောက်တော့ ရောမလိုကျင့်ရတာပေါ့

.......................................................

"ဒီနေ့ ငါ့မြေးလေး ရောက်မှာနော်....အခန်းကိုသေချာလေးရှင်းထားပေးကြ"

"ခြံထဲမှာ မျက်စိရှုပ်စရာတွေအကုန်ဖယ်ပစ်လိုက်
သူ့အမေပြောတာ သူက ဒီမှာ စိတ်ဖြေလက်ပျောက်လာမယ်ပြောတာ မျက်စိရှုပ်စရာတွေရှိနေလို့မရဘူး"

" 10 နာရီလောက်သူရောက်လိမ့်မယ် ခြံဝမှာတံခါးဖွင့်မယ့်လူအသင့်ရှိနေပါစေနော် "

Ruto အဘွားလည်း သူ့ခြံထဲကအလုပ်သမားများကိုမှာစရာရှိတာမှာကြားပြီး
ဧည့်ခန်းထဲပန်ဝင်ထိုင်ကာအမောဖြေနေလိုက်သည်
သူ့မြေး Ruto လေး သူ့ဆီလာလည်မည်ဆိုတော့ မကောင်းဖြစ်နေတဲ့နေတောင် ဘယ်ရောက်မှန်းမသိ
ကိုယ်တိုင်ခြံထဲဆင်းကာ စိတ်ကျေနပ်အောင်ပြင်ဆင်ခိုင်းနေသည်

Blind Date {Completed}💙Where stories live. Discover now