Blind Date P-22 Uni

298 43 3
                                    

Ruto နဲ့ JeongWoo  မနေ့ကတစ်နေ့လုံးခရီးပမ်းခဲ့ကြတာကြောင့် မနက်မိုးလင်းသည်ထိ အိပ်နေလိုက်ကြတာ ငှက်ကလေးတွေ ခေါ်နှိုးမှပဲ လှုပ်ရွလာကြသည်

JeongWoo က မျက်နှာသစ်ဖို့ထမယ်အလုပ်
ဝင်လာတဲ့ ဖုန်း ringtone က မေမေတို့ဆီက.....

"Hello... မေမေ"

"JeongWoo အိမ်ခနပြန်လာခဲ့ပါအုံး"

............................................

"မင်းကို မင်းစိတ်တိုင်းကျ ဦးလေးကျောင်းက မျက်မမြင်ကျောင်းမှာငါဆရာလုပ်ဖို့ပို့ထားတာနော်.....
ခုက ပဲ့မှာမရှိပဲ ဘယ်မှာတွေသွားအိပ် ဘယ်မှာတွေသွားသဝေထိုးနေတာလည်း ParkJeongWoo. .."

"မေမေ....."

JeongWoo အိမ်ပြန်ရောက်တာနဲ့ မေမေတို့ရှိတဲ့ ဧည့်ခန်း၌ဝင်ထိုင်လိုက်သည်နှင့်.........

"ပြောလေ...ပြောပါ ငါမွေးထားတာ သားယောကျာ်းလေးနော်
မင်းကမိဘမျက်နှာအိုးမဲသုတ်ချင်တာလား ဟမ်....
လူကြားထဲ မိဘတွေမျက်နှာဖော်မရဲအောင်လုပ်နေတာလား"

"မေမေ..သားအဲ့လိုမဟုတ်"

"ငါတို့သတင်းအတိအကျသိထားပြီးပြီ အဲ့မှာကြည့် မင်းဘာပြောချင်သေးလည်း"

JeongWoo မေမေကပြောရင်း ကောင်းလေးနှစ်ယောက် လက်တွဲပြီး ပြုံးကာကြည့်နေကြတဲ့ပုံလေးတစ်ပုံကိုထုတ်ပြလိုက်သည်

"မင်းအတွက် လက်မှတ်ဝယ်ထားပြီးပြီ နောက်တစ်နာရီနေရင် ဒီနိုင်ငံထဲကနေမင်းအပြီးထွက်သွားတော့ ဟိုမှာစီစဥ်ပေးထားတယ် လုံးဝမဆက်သွယ်နဲ့ လုံးဝ...တစ်ယောက်ကိုမှ..."

"မေမေ...ဖေဖေ အဲ့လိုမလုပ်ကြပါနဲ့ဗျာ.....သားတောင်းပန်ပါတယ်
သား..သားတို့က သာမန်မဟုတ်ဘူးဆိုပေမယ့် သားရဲ့စိတ်ရင်းနဲ့သူ့ကိုတကယ်ချစ်ခဲ့တာပါ နောက်အဲ့လို မသွားနဲ့ဆိုမသွားတော့ပါဘူးနော်...မေမေနော် "

JeongWoo ကငိုယိုကာ အဖေနဲ့အမေကိုတောင်းပန်နေသည်
JeongWoo အဖေကတော့မျက်နှာကြောတင်းထားကာ JeongWoo အမေကတော့ တစ်ဖက်လှည့်ကာငိုနေသည်ထင်ရဲ့

"သားတောင်းပန်ပါတယ်ဗျာ......သားတို့တဂယ်ချစ်ကြတာပါ...တဂယ်ပါ အဲ့လိုမလုပ်ကြပါနဲ့"

Blind Date {Completed}💙Where stories live. Discover now