Blind Date -part 9

416 60 1
                                    

Mashi နဲ့ Jun Kyu Cake ဆိုင်မှာစောင့်နေတုန်း
စကားတစ်ခွန်းမှမပြောတာမို့ JunKyu စချင်လာသည်မို့်

"Ma shi ho ဟုတ်ပါတယ်နော် ကျွန်တော့နာမည်ရောမမေးတော့ပူးလား"

ပြုံးစိစိနဲ့မေးလာတဲ့ JunKyu ကြောင့် Mashi ပိုပြီးဒေါသထွက်ရပြန်သည်

"ခင်ဗျားနာမည်သိပြီး ကျွန်တော်ကဘာလုပ်ရမှာလည်း"

"ဪ...မိတ်ဖြစ်ဆွေဖြစ်လေးပေါ့"

"မဖြစ်ချင်ပါပူး "

"အာ..ဟုတ်ကဲ့"

JunKyu Mashiho မျက်နှာကိုရှေ့ကနေထိုင်ကြည့်နေတာကြောင့်
Mashi ခုံပေါ်က စာအုပ်တစ်အုပ်ကိုယူပြီးစာဖတ်သလိုလိုနဲ့ကာထားလိုက်ရသည်

Asahi Cake ဆိုင်ထဲဝင်လာပြီး Mashi ရဲ့အရိပ်အယောင်တောင်မတွေ့တာမို့ ကားထဲပြန်လာသည်

"ဒီကောင်ငါ့ကိုတောင်မစောင့်ဘူး"

တစ်ယောက်ထဲရေရွတ်ရင်း Ruto ဆီကားမောင်းထွက်လာခဲ့လိုက်သည်

ဆိုင်ထဲမှာ မျက်နှာနဲ့သာအုပ်မခွါတဲ့သူကြီးကတော့
Asahi မြန်မြန်လာပါစေဆုတောင်းရင်းသာ
**Cake ကလည်းအာ့လောက်ကြာရတယ်လို့**

"Kim Jun Kyu လားရှင့် Cake ရပါပြီ "

JunKyu လာပေးတဲ့ cake ကိုမယူသေးပဲ
Mashi လေးကိုလှည့်ကြည့်လာသည်
သူ့နာမည်ခေါ်လိုက်တာကိုများစိတ်ဝင်စားလေမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ပေါ့

ဒါပေမဲ့ Mashi ကသူ့စာကိုသာစိတ်ဝင်စားနေပုံပေါ်ပြီးမော့မကြည့်လာတာကြောင့်
JunKyu စိတ်ဓါတ်ကျသွားရသည်

"Mashi cake ရျပီတဲ့"

"အာ ဟုတ်ကဲ့ဘယ်လောက်ကျလဲခင်ဗျ "

ထိုမေးခွန်းကား Mashi JunKyu ကိုမေးခြင်းမဟုတ်ပါ
ဝန်ထမ်းကောင်မလေးကို ကျသလောက်ငွေပေးပြီး သူမြန်မြန်ထွက်သွားမှာကြောင့်ဖြစ်သည်

ငွေချေပြီး ဆိုင်ထဲကမြန်မြန်ပြန်ထွက်လာတဲ့အထိ
JunKyu သူ့ကိုများစကားပြောမလားလို့စောင့်ပြီးလိုက်ကြည့်နေသေးသည်

အချေကိုယ်တော်လေးက မစောင့်ပဲပြေးထွက်သွားပြီး
Taxi ငှားပြန်သွားသည်
JunKyu သူလေးနောက်မလိုက်ရသည်က Ommaမွေးနေ့ကြောင့်မဟုတ်လား

Blind Date {Completed}💙Where stories live. Discover now