Blind Date -part 17 Unicode

334 47 1
                                    

JeongWoo ရှက်နေတာကိုသိတဲ့Ruto ကအလိုက်စင့်ပြန်ဖက်ထားပေးရင်း...

"ချစ်တယ်JeongWoo လေးကို"

ထိုနေ့ညနေကအပြင်သွားစရာတောင်မလိုပဲ
FL ကျောင်းအတွင်းမှာပဲ Date လုပ်ခဲ့ကြသည့် ကောင်လေးနှစ်ယောက်....

Ruto အိမ်ပြန်ရောက်လာတော့ အမေ့ကဧည့်ခန်းကနေဆီးကြိုနေသည်

"ဒါဘယ်ကပြန်လာတာ မျက်နှာကိုလည်းကြည့်အုံး ဟွန့်းး"

" FL ကျောင်းသွားတာပါအမေရဲ့"

"JeongWoo ဆီသွားတယ်ဆိုလည်း JeongWoo ဆီသွားတယ်ပေါ့"

"အမေ..သားခွင့်တောင်းစရာရှိတယ် သား FL ကျောင်းကမျက်မမြင်ကလေးတွေကို စာသွားသင်ချင်တယ်"

"အင်း သားလုပ်ချင်တယ်ဆိုရင်တော့လုပ်လေ ဒါမဲ့ အချိန်ပြည့်ဆိုတော့အမေ့သားပင်ပန်းနေလိမ့်မယ်"

"အာ့တာသား ဟိုမှာတစ်ခါထဲသွားနေချင်တယ်အမေ JeongWoo တို့နဲ့လေ "

"သားကလည်း စာသွားသင်တာဟိုမှာတစ်ခါထဲနေမယ်ဆို
အိမ်ကအမေ့ကိုတစ်ယောက်ထဲပစ်ထားခဲ့မလို့လား မင်းအဖေကလည်းပြန်လာတာမဟုတ်ဘူး"

Ruto နဲ့သူ့အမေတို့ စကားပြောရင်းနောက်ဆုံး Ruto သာရှုံးခဲ့ရသည် အိမ်မှာအမေ့ကိုတစ်ယောက်ထဲလည်းစိတ်မချပြန်ဘူးမလား

"အင်းပါ အမေဒါဆိုနေ့ဘက်တွေတော့သွားမယ်နော်"

"အင်း..နေ့ဘက်လောက်တော့သွားပါ"

Ruto စိတ်ပျက်စွာအခန်းရှိရာသို့...

"Hello JeongWoo အမေကအာ့မှာအပြီးနေခွင့်မပြုဘူး"

"ကျွန်တော်ထင်ပါတယ်.. Ruto အမေကတစ်ယောက်ထဲကျန်ခဲ့မှာပေါ့ သူမလည်းဘယ်အဆင်ပြေပါ့မလည်း"

"ကျောင်းအုပ်ကိုပြောပေး..ဟီးး"

"နိုးပါ."

" လျှာထုတ်လိုက်တာလား "

"ဘာဖြစ်လည်း..".

"တွေ့မယ်.. မှတ်ထား"

"တော်ပြီ..နားတော့မယ် ဘိုင့်"

"အဆိုးအသွမ်းလေး ဘိုင့်"

Ruto တစ်ယောက် JeongWoo ချသွားသောဖုန်းကိုပြုံးပြိးသာကြည့်နေတုန်း

Blind Date {Completed}💙Where stories live. Discover now