Blind Date -Part -21Uni

362 45 4
                                    

"JeongWoo ငါမင်းကိုချစ်လွန်းလို့အမှားပါသွားတာမျိုးတွေရှိခဲ့ရင်
ငါ့ကိုစိတ်ဆိုးလို့ရတယ်..ဒါပေမယ့် စိတ်မကုန်ပါနဲ့နော်"

Ruto JeongWoo ကိုကြည့်ကာအတည်ပြောနေတာမို့
JeongWoo ရှက်ကာမျက်နှာကိုအောက်ငုံ့ထားသည်
Ruto ရှေ့ဘက်ပြန်လှည့်ရင်း JeongWoo လက်တစ်ဖက်ကိုဆုပ်ကိုင်ထားပြီး

"ဟန်မြစ်ဘက်သွားကြမလား...နမ်ဆန်းတာဝါ ဘက်သွားမလား"

"ဟန်မြင်ကိုအရင်သွားချင်တယ် နေဝင်တော့မှာမလား "

"အင်း."

JeongWoo လက်တစ်ဖက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားရင်း
ကားမောင်းထွက်သွားသော Ruto
နှစ်ယောက်လုံးမျက်နှာတွေပေါ် ပျားရည်စင်ထားသလားမှတ်ရတယ်
နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် Date လုပ်ရတာကို Ruto
အတော်သဘောကျနေသည်

ဟန်မြစ်ဘက်ကိုမျက်နှာပေးပြီး တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ထားရင်း..
ညနေခင်းရဲ့ နေဝင်ဆည်းဆာကို ကြည်နူးရိပ်တို့ယှက်သန်းကာ
ဖြတ်သန်းခဲ့ကြသည်

"JeongWoo ပျော်လား "

"အင်း ဒီအခြေအနေကိုကြိုက်တယ် "

"ဟိုးရှေ့က ငှက်လေးတွေပျံနေတာမြင်လား အာ့တာငါတို့လိုပဲ သူတို့လည်းစုံတွဲတွေနေမယ်"

"ဟား Ruto ကခလေးဆန်တာတွေပြောပြီ"

"တဂယ်ပြောတာ..သူတို့အိပ်တန်းပြန်ဝင်ဖို့သွားနေကြတာလေ အပြင်မှာ date လုပ်ကြပြီးပြီ"

"Omm. .Ruto နဲ့ ကျွန်တော်နဲ့လိုပဲ ဟားဟား"

တစ်ခါတစ်လေ အရမ်းခလေးဆန်ပြီး လွတ်”လပ်”ပေါ့ပေါ့ပါးပါး
ပြောပြီး ပျော်နေကြရတာကို သဘောကျနေကြသည်

"JeongWoo နမ်ဆန်းတာဝါသွားမယ်.. လာ"

"Ruto ကျွန်တော်အေးနေပြီ"

"အာ..ဟုတာတာပဲ.လာဆိုင်အရင်သွားမယ်"

Ruto ဆိုင်တစ်ဆိုင်ထဲဝင်ပြီးပြန်ထွက်လာတော့
လက်ထဲမှာ အိတ်2 လုံးနှင့်

"JeongWoo က ဒါလေးဝတ်ထားလိုက်"

ပြောရင်း JeongWoo ကို အဖြူပေါ်မှာအနက်စင်းထားတဲ့
ဆွယ်တာလေးပေးလိုက်ပြီး
သူက အနက်ပေါ်မှာအဖြူစင်းထားတဲ့ ဆွယ်တာလေး ထုတ်ဝတ်လိုက်သည်

Blind Date {Completed}💙Where stories live. Discover now