part 3( Unicode +zawgyi)

1.6K 171 12
                                    

Unicode

ကျောင်း၀န်းထဲကခါတိုင်းထက်ပိုပီး ဆူညံနေသည်... လူတွေကလည်းအုတ်အုတ်ကြပ်ကြပ်နှင့်... အာမီတယောက်ပခုမှသတိရသည်.. ဒါတွေအကုန်သူ့အကို ကမ်‌ထယ်မျောက်... အဲလေမဟုတ်ပါဘူး... ကမ်ထယ်ယောင်းကြောင့်... ဟုတ်ပါတယ် အာမီအကိုကအရမ်းချောတဲ့ထဲမပါပေမဲ့ ပျိုမဒီတို့ကတော့အသည်းအသန်းခိုက်ခိုက်တုန်အောင်ကြိုက်ကြပါသတဲ့... ဒါပေမဲ့ အခုလူများနေတာကတော့ ကမ်ထယ်ယောင်းကြောင့်တင်မကပဲ အရှေ့မှာရှိနေတဲ့ လူနှစ်ယောက်ကြောင့်ဆိုပိုမှန်လိမ့်မယ်... သူတို့ကတော့ အာမီတို့မေဂျာရဲ့king Jeon Jungkookနဲ့ Prince Park Jiminဆိုတဲ့ အတိုအရှည်သူငယ်ချင်းနှစ်ယောက်ပေါ့... ဟိုဘက်က အရပ်နဲနဲပုတဲ့ ပတ်ဂျီမင်ဟာဆိုရင် အာမီအကို ကမ်ထယ်ယောင်းကို ဝါးစားမတတ်ငမ်းနေတာ အာမီလေးသတိထားလိုက်မိပါတယ်... ကမ်ထယ်ယောင်းကတော့ သူ့ထုံးစံအတိုင်း အတန်းတက်ဖို့ ထိုနေရာကနေလစ်ထွက်သွားပီလေ... အာမီလေးလဲကန်တင်းထဲ၀င်ပီး အမောင်ဂျောင်ဟိုဆော့ကိုရှာဖွေရေးဆင်းရပါတော့တယ်... မကြာပါဘူး.. လူရှင်းတဲ့ဝိုင်းမှာ တယောက်ထဲ စိတ်ကူးထဲမြောနေတဲ့ အမောင်ဂျောင်ဟိုဆော့... သေချာပါတယ်.. အမောင်ဂျောင်ဟိုဆော့စိတ်ကူထဲမှာ ဒီကအာမီလေးရဲ့အကို အချေတော်မင်နဲ့ ပျော်ရွှင်ကြည်နူးဖလူးဖလူးဖြစ်နေမယ်ဆိုတာကိုလေ..

"ဟိတ်!!"
"အမလေး.. ဂီဂီ!!"

အမလေး.. အမလေး.. ယောင်တာတောင် ‌အချေတော်နာမည်ကိုတနေတဲ့ အမောင်ဟိုဆော့ရယ်ပါ.. အာမီလေးသိလိုက်ရတာကတော့ အမောင်ဂျောင်ဟိုဆော့တယောက် ဆေးမမှီတော့ဘူးဆိုတာပါပဲ.. သူကသာ ဂီဂီခေါ်နေတာ ဟိုကဖြင့် ဖုတ်လေတဲ့ငပိ ရှိတယ်လို့ကိုမထင်တာသေချာသည်.. သူ့ကို ဂီဂီလို့ခေါ်တာသာကြားသွားလို့ကတော့ ထိုအချေတော် ကောင်းကင်ကိုမီးတက်ရှို့မှာသေချာသည်.. (မိုးမီးလောင်မှာကိုပြောတာပါ)

"အမယ်.. ဆော့ဆော့.. နင်ကယောင်တာတောင် ငါ့အကိုနာမည်ပါလား.."
"နင်ကလည်း.. ချစ်တာကိုကွ.. နင်ကတော့သိမှမဟုတ်ပါဘူး.. တသက်လုံးfaဖြစ်မဲ့သူဆိုတော့.."

တွေ့လား.. တစိတ်ရှိ အာမီလေးကို ဒီfaဘွဲ့ပဲ လာလာပေးနေတယ်.. တကယ်ပဲ..

❣️To close to you❣️Where stories live. Discover now