Extra (Unicode+Zawgyi)

1.7K 123 17
                                    

Unicode

"အား!! အမေ့!! ဂျောင်ဗလ အကိုဂျွန်း ကမ်ထယ်မျောက် ပတ်ဂျီပု  အချေတော်မင် ဟိုဆော့ကီး အချောဂျင် အမြန်လာကြပါပါ ဒီမှာခင်များတို့ကလေးတွေလုပ်တာနဲ့ကျုပ်ဆံပင်တွေပြောင်တော့မယ်.. အား!!"

ဂျန်းကုနဲ့အကိုဂျွန်းကတော့စာကြည့်ခန်းထဲကနေအမြန်ထွက်လာကြတယ်.. ဟုတ်ပါတယ် အကိုဂျွန်းတို့companyနဲ့ ဂျန်းကုတို့companyက projectတစ်ခုပူးပေါင်းထုတ်ဖို့ရှိတယ်လေ.. ဒါကြောင့်သူတို့နှစ်ယောက်က အမြဲအလုပ်ကိစ္စအကြောင်းပဲဆွေးနွေးနေကြဝာလေ.. အချေတော်မင်ကတော့ သီချင်းရေးလက်စကိုအမြန်ပစ်ထားပီးအောက်ထပ်ကိုဆင်းလာခဲ့တယ်.. အချေတော်မင်ကတော့အရင်အတိုင်း သီချင်းတွေထုတ်နေတုန်းပင်.. အချောလေးဂျင် ပတ်ဂျီပုနဲ့ ဟိုဆော့ကီးကတော့ မီးဖိုချောင်ထဲကနေဝရုန်းသုန်းကားပြေးလာခဲ့ကြတယ်.. ဒီလိုအားလပ်ရပ်တွေဆိုရင်သူတို့သုံးယောက်ကပဲတအိမ်လုံးအတွက်ချက်ကျွေးတယ်မဟုတ်လား.. ဧည့်ခန်းထဲမှာသန့်ရှင်းရေးလုပ်နေတဲ့ youကပါ အမြန်ပြေးလာရတာပေါ့.. ဟုတ်ပါသည် အာမီတို့မိသားစုလေးထဲမှာ မိသားစုဝင်အသစ်တွေတိုးခဲ့ပါပီ အကိုဂျွန်းက ချွဲyouဆိုတဲ့မိန်းကလေးနဲ့လက်ထပ်လိုက်ပီး သားလေးတယောက်မွေးတယ်လေ.. အကိုထယ်နဲ့ပတ်ဂျီပုတို့ကတော့ သမီးလေးတယောက်မွေးတယ်... အကိုမင်နဲ့ဟိုဆော့ကီးတို့ကတော့ သမီးလေးတယောက်.. အားလုံးထဲမှာအစွမ်းဆုံးကတော့ဂျောင်ဗလပါပဲ သူတို့အတွဲက သမီးတယောက်သားတယောက်နဲ့လေ..

"အား!! အမြန်လာကြပါဟ"

ကျန်တဲ့လူတွေအကုန် အာမီ့စီအပြေးလာကြတော့မြင်လိုက်ရတဲ့မြင်ကွင်းက အာမီ့ရဲ့ ဘယ်ဘက်ဆံပင်တွေကိုဆွဲနှုတ်ပီးတခစ်ခစ်ရီနေတဲ့
ကမ်ဂျွန်းယူ၊ ညာဘက်ဆံပင်တွေကိုဆွဲပီး ပတ်ပြေးနေတဲ့ မျောက်လောင်းလေး ကမ်ယောင်းဂျီ၊ အာမီ့ရဲ့ဂုတ်‌ပေါ်ခွပီး ဆံပင်တွေဆွဲနေတဲ့ ဂျွန်းဂျန်း‌ဆော့နဲ့ ဂျွန်းဆော့ဂျန်းတို့အမြွှာနှစ်ကောင် သူတို့ကိုမသုန်မမှုန်ထိုင်ကြည့်နေတဲ့ ဆရာမကြီး မင်ဆော့ယွန်း သူတို့တွေကြားမှာတော့ကမ်အာမီက ကားယားကားယား...

"ဟာ မြန်မြန် လာခေါ်ကြလေ ငါ့ဆံပင်တွေပြုတ်တော့မယ်ဟ!!"

အာမီပြောမှပဲအကုန်လုံးသူတို့ကလေးတွေကိုသူတို့စီပြန်ခေါ်ကြတော့တယ်..

❣️To close to you❣️Where stories live. Discover now