part 11 (Unicode+ Zawgyi)

1.4K 148 12
                                    

Unicode

"မင်ယွန်းဂီ!! မင်ယွန်းဂီ!!"

တံခါးရှေ့မှာ တဘုန်းဘုန်းထုနေတဲ့ ဂျင်ကြောင့် နမ်ဂျွန်းနိုးလာပေမဲ့ ဘေးမှာအိပ်နေတဲ့ ယွန်းဂီနဲ့ ဂျန်းကုကတော့ ကာလနဂါးသေလို့၀င်စားရလားမှတ်အောင် ခေါနေကြတုန်းပင်..

"ဟိတ်ရောင် ယွန်းဂီထတော့!!"
"ဘာလဲဗျာ?"
"ဘာလဲဗျာလုပ်မနေနဲ့ အရှေ့မှာဂျင်မင်းကိုခေါ်နေတယ်.."
"ထားလိုက်ဗျာ သူမောရင်ခေါ်တာရပ်သွားလိမ့်မယ်"
"ဟဲ့ကောင် သူ့အသံကိုငါဆက်မခံစားနိုင်တော့လိုပါကွာ သွားလိုက်စမ်းပါ"

နောက်ဆုံးတော့ အချေတော်လေးပဲထပီးတံခါးဖွင့်ရပါတော့တယ်.. အိပ်ရေးမ၀တဲ့အတွက် အချေတော်လေးရဲ့စိတ်တွေအဆင်ပြေမနေပါဘူးနော်..

"ဘာလို့ခေါ်နေတာလဲ နားငြီးတယ်"
"မနက်စာချက်ဖို့လာခေါ်တာ
"ကိုယ့်ဘာသာချက်လိုက်ပီးနေတာပဲ"
"အမလေး.. လူခြောက်ယောက်စားကိုငါတယောက်တည်းချက်ရင်လေ.. မင်းအကိုငါ လျှာထွက်ပီးသေးလိမ့်မယ်သိလား.. သေတာအကြောင်းမဟုတ်ပေမဲ့ လျှာကြီးထွက်နေတော့လူမြင်မကောင်းဘူးပေါ့ကွာ.. ငါသေတာလေးတော့ကောင်းကောင်းလေးသေပါရစေယွန်းဂီရယ်.. လုပ်ပါ.. ကူညီပါနော် အလိမ္မာတုံးလေး.. ပုကျုးလေး.. ဂီဂီ.."
"လိုက်ခဲ့မယ် လိုက်ခဲ့မယ်ဟုတ်ပီလား!! ခနနေဆင်းခဲ့မယ်"
"အဲတာကြောင့် ယွန်းဂီလေးကိုချစ်ရတာ.. မွ😘"

အမလေးနော် အိပ်ရေးမ၀တဲ့ကြားထဲ ဒီအကိုနဲ့တော့ ငါလေးနားမုဒိန်းကျင့်ခံနေရသလိုပဲ.. ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့လဲ သူ့ကိုကူညီဖို့လုပ်ရတာပါပဲ.. မဟုတ်ရင်နားပူဦးမှာလေ အချေတော်လည်းလူဗျ..ခံစားတတ်တယ်.. နားပူတတ်တယ်

"ဒီနေ့ဘာချက်မှာလဲ "

ဒီအချေတော်က‌ေတာ့လေ.. သူ့အကူညီလိုလို့ ချိုအစ်ပျစ်ရွဲအောင်ကိုပြောလိုက်ရတဲ့စကားတွေ.. တကယ်တော့ငါလည်း အဲဒီစကားတွေပြောနေရတာအဆင်ပြေနေတယ်ထင်လား.. ငါ့ပါးစပ်ငါတောင်ပလုပ်သွားကျင်းပစ်ချင်စိတ်ပေါက်နေတာ.. အခုလည်းကြည့်ဦး မေးတောကိုကောင်းကောင်းမမေးဘူး မျက်နှာကိုကခုနှစ်ရက်လောက်အိမ်မှာနာရေးဖြစ်ထားတဲ့ရုပ်နဲ့..

❣️To close to you❣️Where stories live. Discover now