part 20( Unicode+ Zawgyi)

1.3K 127 10
                                    

Unicode

"ငါ... ငါကြောက်တယ်လို့.."
မ"င်းကလည်းကွာကြောက်မနေပါနဲ့ ကားနဲ့တိုက်မိရုံလေးပဲကို.."
"အေးလေ နင့်ကိုတိုက်မဲ့ကားကလည်း ငါတို့စီစဉ်ပီးသားပဲလေ..."
"အဲတာဆိုလည်း မင်းတို့ဘာသာ မင်းတို့ကားရှေ့အတိုက်ခံကြပါလား..."
"မင်းကလည်းကွာ ဒါမင်းအတွက်လုပ်တာလေ"

အကုန်စီစဉ်ပီးမှကြောက်တယ်ပြောနေတဲ့အမောင်ဂျီမင်ရယ်ပါ.. သူပဲtopဖြစ်ချင်တယ်ဆိုလို့ အကိုထယ့်ကိုရအောင်ရော topဖြစ်အောင်ရောကူညီပေးနေတာကို ဂျီးများပီးဟိုဟာမလုပ်ချင်ဘူး ဒီဟာမလုပ်ချင်ဘူးနဲ့... တကယ်ဆိုသူနဲ့အကိုထယ်ဆိုရင် သူကကျိန်းသေbထိုင်ရမှာ..
......................................................................
"အကိုထယ်"
"ဟင် ဂျီမင်ဘာပြောမလို့လဲ?"
"အပြင်သွားပီးမုန့်စားမလို့ လိုက်ခဲ့ပါ့လား"
"အင်း လိုက်မယ်လေ"

မုန့်ဆိုတာနဲ့မျက်လုံးပြူးပီးသားမျောက်တကောင်ကတော့ ဂျီမင်နောက်ကိုလိုက်လာလေရဲ့...

"အခုဘယ်သွားမှာလဲ?"
"ဟိုဘက် လမ်းက restaurantမှာစားမယ်လေ"
"‌အင်း ရတယ်လေ"
"ဟို ကျွန်တော်ကားပေါ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့လို့သွားယူလိုက်ဦးမယ်"
"အကိုဆိုင်ထဲအရင်၀င်နှင့်မယ်"
"ဟုတ် အကို"

အကုန်လုံးတော့စီစဉ်ထားတဲ့အတိုင်းဖြစ်နေပီလေ.. တကယ်ဆိုပာမီတို့စီစဉ်ထားတာက ဂျီမင်ကအကိုထယ့်ကိုမုန့်စားဖို့ခေါ်မယ်.. ပီးတော့ မုန့်ဆိုင်ရောက်ရင် ကားပေါ်မှာပစ္စည်းကျန်ခဲ့တယ်ဆိုပီး အကိုထယ့်ကိုအရင်သွားခိုင်းမယ်.. အကိုထယ် လမ်းကူးတဲ့အချိန် ကြိုပီးစီစဉ်ထားတဲ့ကားနဲ့တိုက်မိသလိုဖြစ်အောင်လုပ်မယ်.. ရုပ်ရှင်ထဲကလို ဂျီမင်ကပြေးလာပီး အကိုထယ့်ကိုကယ်မယ်.. ကားကလည်းကြိုစီစဉ်ပီးသားမို့လို့ အလွန်ဆုံးဖြစ်မှပွန်းရုံလောက်သာ... ဘလိုလည်း ဒီကဉာဏ်ကြီးရှင် အာမီ အချောကြီးဂျင်နဲ့ ယုန်ဗလဂျန်းကုတို့တော်တယ်မလား... အခုလည်းသူတို့အတွဲကိုအာမီတို့လေးယောက် အကွယ်တနေရာကနေစောင့်ကြည့်နေတာလေ...

*တီ တီ*

"ဟိုမှာ အကိုဂျင် စီစဉ်ထားတဲ့ကားလာပီ"

*ဒုန်း!!!!!*

ကားတိုက်သံတခုကပြင်းထန်စွာထွက်ပေါ်လာခဲ့တယ်..

❣️To close to you❣️Where stories live. Discover now