part 6 (unicode+ Zawgyi)

1.5K 155 11
                                    

Unicode

"အကိုဂျင်ရေ.. အကိုဂျင်ထတော့လေ..."

မနက်စောစော အိပ်ရေးမ၀ခင်ကြားလိုက်ရတဲ့ငှက်ဆိုးအော်သံ.. အဲလေ... မျောက်အော်သံပေါ့...

"ဘာလဲကွာ!!"
"ကျွန်တော့ ကားပျက်နေလို့အကို ကျွန်တော်နဲ့အာမီ့ကိုကျောင်းလိုက်ပို့ပေးပါ့လား.."

စပ်ဖြီးဖြီးမျက်နှာနဲ့ လာပြောနေတဲ့ ကမ်ထယ်ယောင်းရယ်ပါ.. အဲလိုပဲအိမ်ကအငယ်‌ဆုံးတွေဖြစ်တဲ့ အာမီနဲ့ထယ်ယောင်းက သူတို့လိုချင်တာရှိရင်တော့ စပ်ဖြီးဖြီးနဲ့ သူတို့လိုချင်တာမရှိတဲ့အချိန်မှာတော့ အကြီးတွေကိုလဲပြုံးပြုံးလေးနဲ့ဆဲတတ်ပါတယ်....

"အင်း.. ငါခနနေဆင်းလာခဲ့မယ်"
"မြန်မြန်နော် အကိုဂျင်.."
"အေးပါ"

မျောက်ထွက်သွားမှဟောဒီကအချောလေးဂျင်မျက်စိနောက်သက်သာတော့တယ်.. မနေ့ညက ကားပေါ်ကကောင်လေးအကြောင်းစဉ်းစားမိနေလို့ကောင်းကောင်းမအိပ်ရသေးပါဘူးဆိုနေမှ ဒီလိုအနှောက်အယှက်တွေကပေါ်ပြန်တယ်... ကိုယ်ကလည်းကိုယ်ပဲကားရပ်တုန်းကတော့ရှက်ရှက်နဲ့ပြေးဆင်းလာခဲ့မိတာ ဟိုဘက်ကကောင်လေးကတော့ဘလိုထင်သွားတယ်မသိ... ကဲ.. ရှုပ်ပါတယ်.. ထပ်မစဉ်းစားတော့ဘူး.. ထပ်စဉ်းစားရင်လည်း ဟောဒီကအချောလေးဂျင် ရူးရုံပဲရှိတော့တယ်... အ၀တ်စားအမြန်လဲပီးအငယ်နှစ်ကောင်ကိုကျောင်းပို့ဖို့ပြင်ရတော့တယ်...

"ဟိတ်.. နှစ်ကောင် အသင့်ဖြစ်ပီသွားမယ်.."
"ဟုတ်"

ဒီနေ့တော့ ဧည့်ခန်းထဲမှာ ဖျက်စီးရေးခေါင်းဆောင်ကြီး ကမ်နမ်ဂျွန်းနှင့် အချေတော်အိပ်ပုတ်မင်ယွန်းဂီကိုမတွေ့မိ..

"ဟို နှစ်ယောက်ရော??"
"အော် အကိုဂျွန်းက meetingရှိလို့တဲ့အစောကြီးရုံးသွားတယ်.. အကိုမင်ကတော့ဘယ်သွားတယ်မသိ.."

ဟုတ်ပါတယ်.. ထိုမင်ယွန်းဂီဆိုတာကလည်း အမြဲသူဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာပြောပြတတ်သူမှမဟုတ်တာ...

"ကဲ... ကဲ.. လာသွားမယ်.. ကားပေါ်တက်တော့.."

ကားအရှေ့ခန်းမှာ မောင်းနေတဲ့အချောလေးဂျင် နောက်ခန်းကမျောက်နှစ်ကောင်ကြောင့်မျက်စိနောက်ရပါတယ်.. နှစ်ယောက်လုံးကစပ်စလူးစိန်တွေလေ..

❣️To close to you❣️Where stories live. Discover now