part 15 (Unicode +Zawgyi)

1.3K 139 13
                                    

Unicode

'အစစ်မတွေရန်မှလွတ်မြောက်ရန်'

"ဟူး... ပျင်းလိုက်တာနော် "

ဒီနေ့အိမ်မှာ အာမီလေးတယောက်တည်းပျင်းနေရပါတယ်.. ပတ်ဂျီမင်ဆိုသည်ကလည်း ကမ်ထယ်ယောင်းနောက်တကောက်ကောက်... ဂျန်းဟိုဆော့ကျတော့လည်း အချေတော်မင်အိပ်နေတာလေးကိုပဲတစိမ့်စိမ့်ကြည့်.. ဂျန်းကုကျတော့လည်း banana milkသာသူ့ကမ္ဘာ သူ့ခွက်ဂျင်ကြီးကတော့ ဟိုတခေါက်ကစားကွင်းကိစ္စပီးကတည်းကအခန်းပြင်သိပ်မထွက်တော့ဘူး.. ကမ်နမ်ဂျွန်းကျတော့လည်း ရှိသမျှပစ္စည်းအကုန်ဖျက်စီးနေတာ သူ့နားသွားနေရင် ကိုယ်ပါကျိုးပဲ့သွားမလားမသိဘူး.. ဒီကြားထဲဘေးအိမ်ကိုပြောင်းလာတဲ့ အစစ်မလေးယောက်ကအကိုတွေကိုလာကြောင်နေသေးတာ.. အကိုတွေမရရင် ဂျန်းကုတို့ ဟိုဆော့တို့ ဂျီမင်တို့ကိုပါမြိုချမဲ့ရုပ်တွေ (အဲဒီထဲကထိပ်ဆုံးကသာသာပါ😁)

*တီးတောင်*

ဟောပြောရင်းဆိုရင်းဟိုအစစ်မတွေပဲနေမယ်.. နေနှင့်ဦးမှတ်လောက်သားလောက်အောင်ပညာပြမယ်..

"အော် အမတို့ပါလား"

ကမ်အာမီလေးပြုံးနေပေမဲ့ ကိုယ့်ကိုကိုယ်သိသည်..အခုချိန်မှာ ဗီလိန်မကြီးဖြီးနေသလိုဖြစ်နေမယ်ဆိုတာ..

"အမတို့အိမ်ထဲလာထိုင်လေ"
"ဟို အကိုတွေအိမ်မှာရှိလား ဟင်"
"ရှိတယ် အမ ၀င်လာ"

အာမီတယောက် ထိုဘီလူးမကြီးလေးကောင်ကိုအိမ်ထဲ‌ေခါ်သွင်းလိုက်တယ်..

"အမတို့ရေ ခနထိုင်ဦးနော် အကိုတွေကိုခေါ်ပေးမယ်"
"အေးအေး ရပါတယ်"
"အကိုထယ် အကိုဂျွန်း အကိုဂျင် အကိုမင် ပတ်ဂျီမင် ဂျန်းဟိုဆော့ ဂျွန်းဂျန်းကု အကုန်ဆင်းလာခဲ့ကြဦး ဧည့်သည်တွေရောက်နေတယ်!!!!!!!!!!!"

ထိုဘီလူးမကြီးလေးကောင်အာမီလေးအသံကိုလန့်သွားမှာအမှန်ပင်.. ဒါနဲ့များ အကိုဂျင်တို့ ဟိုဆော့တို့နဲ့သာရလို့ကတော့ ဒင်းတို့တွေမြန်မြန်အသက်တိုမှာပဲ..

"ညီမကလည်း အမတို့ကဧည့်သည်တွေမှမဟုတ်တာ"

အော.. ဒင်းတို့ကဧည့်သည်တွေမဟုတ်ဘူးဆိုတော့ အိမ်ရှင်တွေလား... တကယ်ပဲ‌အပြောအဆိုမတတ်ချက်ကလက်လန်တယ်.. သူပြောပုံဆိုငါကပဲ အခုချက်ချင်းအထုပ်ဆွဲပီးလမ်းဘေးထွက်ထိုင်ရတော့မဲ့ပုံလိုလို.. ဒီကအာမီလေးသိပ်မကြည်တော့ပါဘူးနော်..

❣️To close to you❣️Where stories live. Discover now