part 7 (Unicode+ Zawgyi)

1.4K 155 14
                                    

Unicode

"ဒီမှာ ညီ"

ဂျီမင်တယောက် ဘေးကလူပေးတဲ့အိတ်ကိုယောင်နနဆွဲယူပီးမှ...

"ဟင် အကို Taehyung"
"အ၀တ်တွေပြန်လာပေးတာ"
"အာ ဟုတ်ကဲ့ကျေးဇူးပါနော် ဒါနဲ့ကျွန်တော့အခန်းကိုဘလိုသိတာလဲ"
"ဒီလိုပါပဲ"

မေဂျာရဲ့princeဖြစ်တဲ့ကောင်လေး ပတ်ဂျီမင်ကိုရှာရတာ ကျွန်တော်ဆိုတဲ့ ကမ်ထယ်ယောင်းအတွက်အတော့်ကိုလွယ်ကူပါတယ်...

"ဒီမှာ အကို့အ၀တ်တွေ လျှော်ပီးသွားပီ အကို့ကိုတကယ်ကျေးဇူးတင်ပါတယ် ကျွန်တော့ကိုအ၀တ်တွေငှားပေးလို့"
"ရပါတယ် ဒါဆို အကိုသွားတော့မယ်နော်"
"ဟုတ်ကဲ့"

အမလေး သူ့မျက်လုံးထဲမှာတော့ ကျွန်တော်ဆိုတဲ့ ပတ်ဂျီမင်လေးကို စကားပြောချိုသာပီးလိမ္မာတဲ့ကောင်လေးလို့ထင်နေမှာပဲ.. အဟမ်း တကယ်တော့ ကျွန်တော်က တနေ့အဆဲစကားလုံးတလုံးမပြောရရင်နေမထိထိုင်မသာဖြစ်နေတတ်တဲ့သူဗျ.. သူ့ရှေ့မှာမို့လို့ စိတ်ကိုမငြိမ်ငြိမ်အောင်ကြိုးတုတ်ထားရတာ.. မလွယ်ပါဘူးဗျာ..

"ရား!! အကိုဂျင်တော့ ငါတို့ကိုလာကြိုဖို့မေ့နေတာလားမသိဘူး"

စိတ်မရှည်သူလေးအာမီစီကပွစိပွစိပြောသံတွေကြားနေရပါပီ..

"မမေ့လောက်ပါဘူး အကိုဂျင်ကဘယ်တုန်းကအဲ့လောက်မေ့ဖူးလို့လဲ"
"ဒါပေမဲ့ တော်တော်ကြာနေပီဟ"
"ခနလောက်စောင့်လိုက်ပါဦး"

မကြာပါဘူး ပြောရင်းဆိုရင်းအချောလေးဂျင်ကားနဲ့ထယ်ယောင်းတို့စီရောက်လာပါတယ်..

"အကိုဂျင် ဘာလို့နောက်ကျနေတာလဲ"
"မနောက်ကျပါဘူး"
"အချိန်လည်းပြန်ကြည့်လိုက်ဦး"
"ငါ့မှနာရီမ၀တ်ထားတာ"

မသိတဲ့ပုံစံပုခုံးတွန့်ပြရင်း နှုတ်ခမ်းကိုဆူထားတဲ့ဂျင်ဟာ အာမီတို့ထက်အသက်ကြီးတယ်ဆိုတာ ရိုက်ပြောပြရင်တောင်ယုံချင်စရာ‌မကောင်းပေ..

"အယ် ဟိုမှာဘာလို့လူတွေပြုံနေတာလဲ"
"အော် အဲတာ ကျောင်းမှာမွေးနေ့ရှိလို့ banana milkတွေဝေပေးနေတာလေ"
"တကယ်လား??"

ကမ်ဆော့ဂျင်တို့ကစားစရာသောက်စရာဆို မျက်လုံးကနေမခွာနိုင်တော့တာ.. အလကားရတယ်ဆိုတော့ပိုဆိုးပေါ့..
လူတွေအုံနေတဲ့နေရာကိုကြည့်ရင်း တံတွေးတွေမြိုချနေတဲ့ဂျင်ကြောင့် အာမီရော ထယ်ယောင်းရောရူးချင်စိတ်ပင်ပေါက်သွားရသည်..

❣️To close to you❣️Where stories live. Discover now