Part 7

5.9K 626 23
                                    

Unicode

နွေဦးလေညှင်းတွေက တသိမ့်သိမ့်တိုက်ခတ်လိုက်တော့ ခန်းစီးအဖြူရောင်လေးဟာ လေထဲမှာ တလွင့်လွင့်။ပြတင်းပေါက်နဲ့ ကျောချင်းကပ်ထားသည့် စားပွဲလေးပေါ်မှာ ရွှေရောင်ထပ်တစ်ရာပန်းလေးတွေဟာအလှပန်းအိုးနဲ့အတူ နေရာယူနေသည်။အိပ်ရာပေါ်က နူးနူးညံ့ညံ့ခြေအစုံဟာ ကြမ်းပြင်ပေါ်ချမိတာနဲ့ သွေးခြေဥလေးများလို အနီရောင်စုစုလေးတွေ ဖြစ်ပေါ်လာတယ်။

တီရှပ်ပွပွကြီးအောက်က ကျော့ရှင်းနေတဲ့ ပေါင်တံသွယ်သွယ်ဟာ ခြေသလုံးနားအရောက်မှာတော့ ယောက်ျားဆန်ဆန် အမွှေးတို့နေရာယူထားတယ်။စားပွဲပေါ်ကိုလက်ထောက်ရင်း နွေဦးရဲ့လေနုအေးကို တဝကြီးရှုရှိုက်လိုက်တယ်။ရုတ်တရတ် ခါးနားတဝိုက်ကို ရစ်တွယ်လာတဲ့ လက်တွေကြောင့် ရှောင်းကျန့်မျက်နှာဟာ ပြုံးယောင်သမ်းသွားတယ်။

"နိုးလာပြီလားMr.Snail"

စကားပြန်လာချင်းအစား ဂုတ်ပိုးကို နစ်ဝင်သွားအောင် ဖိနမ်းလိုက်တဲ့အတွေ့ကြောင့် ရှောင်းကျန့် ရယ်သံလွင်လွင်လေးတွေ ထွက်ပေါ်လာတယ်။လည်တိုင်တစ်လျှောက်က နှာတံလုံးလုံးလေးဟာ ပြုလုပ်သူရဲ့ စိတ်အခြေအနေအရ အစိုးရခြင်းတော့မရှိ။

"တော်တော့ကွာ...."

အလိုမကျသလို နှုတ်ခမ်းကိုမသိမသာစူမိတော့ ပါးပေါ်ကို ချော့မော့သည့်သဘောဆောင်သော အနမ်းတစ်ပွင့်က ဝပ်ဆင်းလာတယ်။

"နာနေသေးလား"

လေတိုးသံလေးနှင့် နားနားကပ်မေးလိုက်သော ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်ကိုယ်လေး ဆတ်ခနဲဖြစ်သွားသည်။ရှက်ရှက်နဲ့ရုန်းထွက်ဖို့အလုပ် ပြန်လည်တင်းကြပ်စွာ ချုပ်နှောင်ထားပြန်သည်။

"Marigoldလေးက ရှက်နေတာပဲ၊ကြည့်ပါဦး အခုတော့ Marigoldလေးဘဝကနေ စတော်ဘယ်ရီချိုချဥ်လေးအဖြစ်ကို ပြောင်းသွားပြီ၊အသဲယားလွန်းလို့ အာခံတွင်းထဲ ငုံထားချင်တယ်"

နှာခေါင်းထိပ်လေးကို လက်နဲ့ဖွဖွညှစ်ကာ အူယားသလိုလေးပြောလိုက်တော့ ရင်ခွင်ထဲက ရှောင်းကျန့်က မျက်လုံးလေးလှန်ကြည့်ကာ အစွမ်းကုန်ပြုစားတော့သည်။

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now