Part 26

3.9K 411 13
                                    

Unicode

🌹Close🌹
ဆိုသောသစ်သားဆိုင်းဘုတ်လေး ချိတ်ဆွဲထားသည့် မှန်တံခါးကြည်ကြည်လေးကို တွန်းဖွင့်ကာ ရှောင်းကျန့် paradiseမုန့်ဆိုင်လေးထဲသို့ ဝင်လာခဲ့သည်။ပြောထားတဲ့အတိုင်း ဒီနေ့တော့ဆိုင်ပိတ်ပေးထားပုံပင်။

ဘေးဘက်ကခြံတံခါးဆီမှ ကွေ့ဝိုက်မလာချင်သောကြောင့် ဆိုင်အရှေ့ပေါက်ကနေပဲ အိမ်ထဲသို့ဝင်သည့်တံခါးမှ ဧည့်ခန်းသို့လာခဲ့သည်။

ကိုယ့်အပြစ်ကိုသိသည့် မိသားစုတစ်သိုက်ကတော့ ဆိုဖာမှာလူစုံတက်စုံနေရာယူထားလေသည်။

ကျိုးချန်ကတော့ မတွေ့တာကြာသည့် သူငယ်ချင်းကိုပြေးဖက်ကာ ခုံမှာထိုင်စေသည်။ဒီကြားထဲ တခြားသူတွေမမြင်အောင်တော့ မအီမလည်ပြုံးပြလေသည်။

"သားကျန့် ..ပါးတောင်းပန်ပါတယ်"

အရင်ဆုံးစကားစကာ တောင်းပန်လာသည့်ဟိုက်ခွမ်းကို ရှောင်းကျန့်လက်ကာပြလိုက်သည်။

"တောင်းပန်စရာမလိုပါဘူးပါးပါး။ကျန့်ကျန့်ကိုရှင်းပြမယ်မလား။ဘာလို့လိမ်ထားရလဲဆိုတာ"

"အဲ့ဒါက ကျန့်ကျန့်လေးရဲ့မေမေ၊ပါးတို့ရဲ့မရီးကိုယ်တိုင် တောင်းဆိုထားခဲ့တာပါ"

မေမေ!!မေမေက တောင်းဆိုခဲ့တာတဲ့လား။ဒါဆိုမေမေက သူကိုယ်သူသေမယ်မှန်းကြိုသိလို့ပေါ့။

"မြေးတွေးနေတာကို ဖွားနားလည်ပါတယ်။ဟုတ်တယ် .. ကျန့်ကျန့်မေမေက သူသေမယ်မှန်း ကြိုသိနေပြီးသား။အားကျန့်တို့ဖတ်ခွင့်မရသေးတဲ့ ကံကြမ္မာစာအုပ်မှာပါတာမို့ သူမအနာဂတ်ကို ကြိုသိနေခဲ့တာ။

ကံကြမ္မာစာအုပ်မှာပါတဲ့ အကြောင်းအရာဟာ ကောင်းတာဖြစ်ဖြစ်၊ဆိုးတာဖြစ်ဖြစ် ရှောင်လွှဲခွင့်မရှိဘူး။ဒါကြောင့်လည်း ငယ်ဘဝမှတ်ဥာဏ်ကို ချိတ်ပိတ်ပြီး စွမ်းအားတွေကိုပါ ထိန်းချုပ်ထားခဲ့တာ။

အကယ်လို့ အဲ့လိုသာမလုပ်ထားဖူးဆိုလည်း ​အားကျန့်ကို ဒီအရွယ်အထိ အသက်ရှင်ရက်မြင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ကြယ်မျိုးစုက ဒီလောက်ငမ်းငမ်းတက် ဖမ်းချင်နေတဲ့ အားကျန့်ကိုအချိန်မတန်သေးဘဲ ဒီအကြောင်းတွေထုတ် ပြောလိုက်မိရင် အန္တရာယ်သိပ်ကြီးတယ်ဆိုတာ နားလည်တယ်မလား။"

𝗠𝗮𝗿𝗶𝗴𝗼𝗹𝗱(Completed)Where stories live. Discover now